Arc-7.18(Testing Life 2)

16K 1.9K 60
                                    

(Zawgyi)

Arc-7.18

ညလေအေး ၏ တိုက်ခတ်မှုကြောင့် သစ်ရွက်များ လှုပ်ခတ်သံ တရှဲရှဲနှင့် အကောင်ပလောင်တို့၏ အော်မြည်သံများဖြင့် ပြည့်နှက်နေသည်။ တိတ်ဆိတ်နေသော အချိန်တွင် ငြိမ့်ညောင်းကာ နားထောင် ကောင်းသော အသံတစ်သံက ထိုတိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်လေသည်။

"မင်းလုပ်ရမှာက လွယ်ပါတယ် အဟင်း..!!!.."

လေပြေ မျက်ဝန်းများ စူးရှလွန်းနေသော သူအား မေးလိုက်သည်။

"ဘာလုပ်ရမှာလဲ..."

"ငါ့ ဆီကို မင်းဝသန် ဆိုတဲ့ ကောင်လေးရဲ့ သွေးနည်းနည်း ရအောင်ယူခဲ့..."

---------------------

ဝသန် ညက အိပ်ရေးပျက်သော အရှိန်ကြောင့် စာသင်ခန်းအတွင်း အပီအပြင်ပင် ငိုက်မြည်းနေရ သည်။ စာသင်ချိန်များသာ တစ်ချိန်ပြီးတစ်ချိန် ဖြတ်ကျော်ကာ ကုန်လွန်သွားသော်လည်း ဝသန် တစ်ယောက်ကတော့ ဘာမှမသိလိုက်ပါ ဆရာများသာ ပြောင်းသွားသော်လည်း ဝသန် တွေ့ရာ စာအုပ် တစ်အုပ်အား ရှေ့တွင် ဖွင့်ထားကာ အိပ်နေခြင်း ဖြစ်သည်။

ဆက်လျှံ အိပ်ပျော်နေသော အကောင်ပေါက်လေး၏ ကျောပြင်သေးသေးလေးအား လက်ဖဝါးကြီး တစ်ဖက်ဖြင့် ပွတ်သပ်ပေးနေရင်း စာများအား အာရုံစိုက်ကာ လိုက်မှတ်ပေးနေလေသည်။

 အတန်းဝင် သော ဆရာများသည် ဝသန် အား ဆူချင်သော်လည်း ဆက်လျှံရှင်၏ အေးစက်စက် အရှိန်အဝါကြောင့်မသိချင်ယောင်သာ ဆောင်နေကြရသည်။

နေ့လည်ထမင်းစားချိန် ရောက်သောအခါတွင်မှ အိပ်ပျော်နေသော အကောင်ပေါက်အား နိုးရန် လုပ်လိုက်သည်။

"အကောင်ပေါက် လေး ထတော့နော် ထမင်းစားရမယ်လေ..."

အစားအသောက် အသံကြားမှသာ ဝသန် အိပ်စုံမှုန်ဝါးဖြင့် နိုးလာလေသည်။ ဆက်လျှံ အကောင် ပေါက်လေးအား ကြည့်ရင်း နှုတ်ခမ်းများ ပြုံးလာရသည်။ အိပ်ငိုက်ချင်နေသေးသော အကာင်ပေါက်လေး ၏ နှာခေါင်း လုံးလုံးလေးကို ဆွဲပြစ်လိုက်သည်။

"ဗိုက်ဆာနေပြီမလား အိမ်တော်က နေ့လယ်စာ လာပို့ပေးသွားပြီးပြီ..."

Second Chance(System) [Completed]Where stories live. Discover now