Arc-4.8

21.8K 2.4K 35
                                    

(Zawgyi)

Arc-4.8

"ဖြောင်း~!!!"

ပြင်းထန်သောရိုက်ချက်က ရှိန်းနွေ ပါးပြင်တစ်ဖက်အား ပူထူသွားကာ ကြမ်းပြင်ပေါ်သို့ ခွေကနဲ လဲကျသွားစေသည်။ ဒေါသကြောင့် နီရဲနေသာအကြည့်များနှင့် အထင်းသားမြင်နေရသော ရက်စက်မှု များကြောင့် ခေါင်းသာငုံ့ထားမိသည်။ ရှိန်းနွေ အသက်ပင် ကောင်းကောင်းမရှူရဲ..။ ဦးရန်မင်း ရှိန်းနွေ လည်ပင်းမှ အကျီစအား တုပ်ဆွဲကာ....။

"တောက်~~!!..မင်းကြောင့် ငါ့လူတွေ ဘယ်လောက်ဆုံးရှုံးလိုက်ရလဲ သိလား..."

"ခုတစ်ခါ ကျသွားတဲ့ haunter တွေက လက်ရွေးစင်တွေကြီးဘဲ မင်းပြောတော့ နှစ်ယောက်ထဲ ဆို..။ နှစ်ယောက်ထဲသာဆို ငါ့လူတွေ အကုန်သေစရာအကြောင်းကို မရှိဘူး..။ အခုတော့ ကြက်ကလေး.. ငှက်ကလေး လည်လိမ်သလို အကုန်အသတ်ခံလိုက်ရတာ တောက်~!!...အသုံးမကျတဲ့ကောင် ငါ့ရှေ့က ခု ထွက်သွားစမ်း..."

ဦးရန်မင်းသည် ရှိန်းနွေ အတွက် အတုအယောင် မေတ္တာပင် ပေးစွမ်းခြင်း မရှိသော နာမည်သာ ရှိသည့် အဖေ သာ..။ ရှိန်းနွေ ဦးရန်မင်း ရှေ့မှ ပြေးထွက်လာခဲ့သည်။

မိမိ ခံစားခဲ့ရသော အရာတစ်ခုခြင်းစီအတွက် ပြန်ပေးဆပ်စေရမည်..။ သမန်းကျား မျိုးနွယ်..၊

ဦးရန်မင်း...။ အကုန်ဖျက်စီးပြစ်မယ်..။ ရှိန်းနွေ သေချာသော ဆုံးဖြတ်ချက်များ ပြုကာ ခြေလှမ်းများကို တစ်နေရာသို့ ဦးတည်လိုက်သည်။ အကုန်လုံး ပြန်ပေးဆပ်ရမယ်...။

----------------------

မှောင်မဲသော ကျောက်ဂူတစ်ခု၊ အလင်းရောင်ဟူ၍ တစ်စွန်းတစ်စပင်မရှိ ရံဖန်ရန်ခါ ကြားရသော လေတိုးသံသဲ့သဲ့နှင့် အကောင်ပလောင်တို့၏ အသံများက ခြောက်ခြားဖွယ်ရာ ကောင်းနေသည်။ ရှိန်းနွေ မီးတုတ်တစ်ခုကို ကိုင်ကာ မှောင်မဲနေသော ကျောက်ဂူထဲသို့ ဝင်လာခဲ့သည်။

ကျောက်ဂူကြီး၏ အမှောင်ထုက မှောင်မိုက်‌နေသော ရှိန်းနွေ ၏ စိတ်အခြေအနေကို မယှဉ်နိုင်...။

ရှိန်းနွေ အခုရောက်နေသော နေရာမှာ စေတန်ချိုင့်ဝှမ်းဖြစ်ကာ ပြန်လမ်းမဲ့သောနေရာဟု ဆိုနိုင်သော နေရာ ဖြစ်သည်။ ရှေးယခင်က အလွန်ဆိုးသွမ်းသော သမန်းဝံပုလွေ တစ်ကောင်အား ချုပ်ထားခဲ့သော နေရာဖြစ်သည်။

Second Chance(System) [Completed]Where stories live. Discover now