Arc-7.16(Testing Life 2)

17K 2K 138
                                    

(Zawgyi)

Arc-7.16

"မင်္ဂလာ မနက်ခင်းပါ သခင်လေး..."

မိုးသောက် အပေါ်ထပ်မှ ဆင်းလာခြင်းခြင်း လာရောက် အရိုအသေပြုကာ ပြောလာသော အိမ်တော်ထိန်းကြီးကြောင့် မိုးသောက် ပြုံးကာ ပြန်ပြောလိုက်သည်။

"မင်္ဂလာ မနက်ခင်းပါ..."

အိမ်တော်ထိန်း နောက်တွင် ရှိသောသူသည် မိမိအား အတင့်ရဲစွာသော အကြည့်စူးစူးများဖြင့်ကြည့်နေသောကြောင့် မိုးသောက် ၏ ဖြောင့်တန်းနေသော မျက်ခုံးများ တွန့်ကွေးသွားရသည်။ 

ထိုသူ အား မျက်မှောင်ကြုတ်ကာ အလိုမကျသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ မိုးသောက်၏ အလို မကျသော မျက်ဝန်းများအား ထိုသူသည် တွန့်ကွေးသွားသော နှုတ်ခမ်းပါးများဖြင့် တုန့်ပြန်မှုပြုလေ သည်။

မိုးသောက် အိမ်တော်ထိန်းကြီးအား မေးလိုက်သည်။

"သူက ဘယ်သူလဲ အိမ်တော်ထိန်း..."

စိတ်ကြည်ပုံမရသော သခင်လေးကြောင့် အိမ်တော်ထိန်းကြီး သေချာ ပြန်ဖြေလိုက်သည်။

"သူက သခင်လေး အတွက် အချက်အပြုတ် ဆရာပါ..."

မိုးသောက် ထိုသူအား မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်ရင်း အိမ်တော်ထိန်းကြီးအား ပြောလိုက် သည်။

"Oh..အရည်အချင်းရော ပြည့်ဝရဲ့လား..."

မိုးသောက် အမေးအား ထိုသူသည် ဒေါသတစ်ကြီး တုန့်ပြန်မည်ဟု ထင်ခဲ့သော်လည်း ထိုသူသည် ဆွဲဆောင်မှုရှိသော ရီသံခပ်ရှရှဖြင့်သာ တုန့်ပြန်လာသည်။ 

ထိုသူသည် ဘောင်းဘီ အိတ်ကပ်ထဲတွင် လက်တစ်ဖက်အား ဟန်ပါပါထည့်ထားရင်း သွေးကြောစိမ်းစိမ်းများ ယှက်ဖြာနေသော ကျန်လက် တစ်ဖက်ဖြင့် မျက်ခုံးနေရာလေးအား ခပ်ဖွဖွ ကုတ်ထိလိုက်ရင်း ဂျစ်တိုက်နေသော ကလေးတစ်ယောက် အား စိတ်ရှည်ရှည်ထားကာ ရှင်းပြပေးနေသော လေသံမျိုးဖြင့် ပြောလာသည်။

"လူတစ်ယောက်အကြောင်းကို လွယ်လွယ်ဆုံးဖြတ်လို့ မရဘူးလေ..။ အရင်ဆုံး မင်း... ကိုယ့် အကြောင်းကို သေချာ သိအောင် လုပ်သင့်တယ်..."

Second Chance(System) [Completed]Where stories live. Discover now