Arc-6.13(Testing Life 1)

19.5K 2K 78
                                    

(Zawgyi)

Arc-6.13

M ဂြိုလ်ကောင်လေးအား အဆိပ်ခတ်ခိုင်းသော အစီအစဉ်အောင်မြင်သည်ဟူသော အကြောင်း ကြားချက်ကြောင့် M ပျော်နေမိသည်။ မနက်ဖြန်တော့ ကိုကို့ကို အကောင်းဆုံးနှစ်သိမ့်ပေးရန် M တွေးထားပြီးဖြစ်သည်။ မိမိသာလျှင် ကိုကို့အတွက် အသင့်တော်ဆုံးသူဖြစ်ကြောင်း သိစေရမည်..။

M ကိုကို့ ကို ဖွင့်ပြောခဲ့သော်လည်း ချစ်ရသူရှိနေပြီဆိုကာ ငြင်းဆန်ခဲ့သည့် ကိုကို..။ အနေနီး၍ စွဲလမ်းနေပါသည်ဆိုသော ခေါင်းစဉ်အောက်သို့သွင်းကာ မိမိကို အမွေများစွာလွှဲပေးတဲ့ ကိုကိုက အနုနည်းနှင့် မိမိသူ့ဘဝထဲမှ ဖယ်ထုတ်လိုက်ခြင်းသာ..။ 

ဒါပေမယ့် ကိုကိုမသိတာက M က ကိုကို သိနေကျ ကိုကို့ရှေ့မှာနေနေကျ ကလေးငယ်လေးမဟုတ်သည်ကိုပင်..။ M လိုချင်တာက ကိုကို့ ကို လေ.. ဘာလို့ရအောင် မယူနိုင်ရမှာလဲ..။

M အိမ်ထဲတွင်ပင် ဆောက်လုပ်ထားသော ရေကူးကန်ထဲတွင် ရေစိမ်နေရင်း ဝိုင်နီတစ်ခွက်ဖြင့် အနာဂတ်အစီအစဉ်များအား တွေးကာ M ၏ နှုတ်ခမ်းပါးများ ကျေနပ်စွာ တွန့်ကွေးနေလေသည်။ 

M မျက်ဝန်းများမှေးမှိတ်ကာ အနားယူနေစဉ် အပြင်မှဆူညံသံများ ကြားလိုက်ရသောကြောင့် ဒေါသ ထွက်သွားရသည်။ တပည့်တစ်ယောက်အား သွားကြည့်ရန် လက်တစ်ဖက်မြှောက်ကာ အချက်ပြ လိုက်သည်။

ခဏအကြာတွင် မိမိဆီရောက်လာသော သတင်းကြောင့် M မျက်ခုံးများတွန့်ချိုးကာ ဒေါသ ထွက်သွားရသည်။ ဘယ်လိုဖြစ်ရတာလဲ...!!..။ မိမိနောက်လိုက်များအား အမိန့်ပေးလိုက်သည်။

"အမြန်ဆုတ်ကြ ကိုကို့လူတွေကို မင်းတို့နိုင်မှာမဟုတ်ဘူး..."

ကိုကို့လူများသည် ကိုကိုကိုယ်တိုင်လေ့ကျင့်ပေးထားသော သူများဖြစ်သောကြောင့် ကြေးစား များပင် ယှဉ်ရန်မလွယ်ကူပေ။ တော်ယုံသုံးလေ့မရှိသောကိုကို၏လျို့ဝှက်အဖွဲ့ဖြစ်သည်။ 

M ရွေး ချယ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ တိမ်းရှောင်ရန်သာ M တပည့်များဖြင့် ခြံအနောက်ဘက်မှ ထွက်လာခဲ့ရသည်။ အနည်းငယ်လှမ်းသော နေရာသို့ရောက်သောအခါ မြင်လိုက်ရသည်က မီးခိုး တလူလူဖြစ်နေသော မိမိ၏ပုလဲနက်စံအိမ်..။ Mနှုတ်ခမ်းများကိုသာ ဖိကိုက်ထားလိုက်မိသည်...။ ခင်ဗျား နောက်တရစေရမယ် ကိုကို...။

Second Chance(System) [Completed]Where stories live. Discover now