Arc-5.8

21K 2.5K 135
                                    

(Zawgyi)

Arc-5.8

ဝသန် အိမ်တော်ထိန်းလိုက်ပို့သော အခန်းထဲသို့ ရောက်ရောက်ချင်း အိပ်ချင်နေသောကြောင့် အိပ်ယာပေါ်လှဲလိုက်သည်နှင့် တစ်ပြိုင်ထဲ နှစ်ခြိုက်စွာ အိပ်ပျော်သွားရသည်။

ရိုင်ယန် အခန်းတံခါး တွန်းဖွင့်ကာ ဝင်လိုက်သောအခါ ကုတင်ပေါ်တွင် ငြိမ်းချမ်းစွာ အိပ်မောကျ နေသော ပါးပါး ရိုင်ယန် ကုတင်ဘေးတွင် ထိုင်ကာ ပါးပါးအား သေချာကြည့်နေမိသည်။ တစ်နေကုန် မိမိ အနားမကပ်သော ပါးပါးအကြောင်း တွေးမိသောအခါ ရိုင်ယန် မျက်ဝန်းများ အန္တရာယ်ရှိစွာ မည်းမှောင် သွားရသည်။

^^ပါးပါးက ငါ့ရင်ခွင်ထဲက ထွက်သွားဖို့ ကြံနေတာလား...^^

ဝသန် အိမ်ပျော်နေစဉ် လည်ပင်းမှစူးကနဲ နာကျင်သွားသောကြောင့် လန့်နိုးလာရသည်။ အလန့် တကြားကြည့်လိုက်တော့...

"ယန်လေး..!!?...ဘာလုပ်တာလဲ..."

နာကျင်သွားသော လည်ပင်းအား လက်လေးနဲ့ပွတ်ကာ ပြောလာသောကြောင့် ရိုင်ယန် ပါးပါး လက်နှစ်ဖက်အား ဆွဲကာ တစ်ဖက်စီတွင် ချုပ်ထားရင်း ပါးပါး အား သေချာကြည့်ကာ ပြောလိုက်သည်။

"အပြစ်ပေးမလို့လေ..."

လက်များအား ရုန်းမရအောင် ချုပ်ထားသော ရိုင်ယန်ကြောင့် ဝသန် အမှန်တကယ် လန့်သွားရ သည်။ ဒီကလေး ဘာဖြစ်လာပြန်ပြီလဲ...။

"ပါးပါးက ဘာ..ဘာလုပ်လို့လဲ..."

"ပါးပါး ဘာလို့ ဒီမှာလာအိပ်နေတာလဲ..။ ယန်လေးက ပါးပါး မရှိရင် အိပ်မပျော်တာ သိသားနဲ့..။ ပါးပါးက ယန်လေးကို မလိုချင်တော့ဘူးလား..."

အိပ်ယာပေါ်တွင် လှဲအိပ်နေသော မိမိကို အပေါ်စီးမှ ဖက်ထားကာ စိတ်မကောင်းဖြစ်သော လေသံ လေးဖြင့် ပြောလာသော ယန်လေးကြောင့် ဝသန် စိတ်မကောင်းဖြစ်ကာ ယန်လေး ကျောပြင်လေးအား ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

"ပါးပါးက ယန်လေးကို ဘာလို့မလိုချင်ရမှာလဲ..။ ပါးပါးက ယန်လေးကို အချစ်ဆုံးဟာ..။ ယန်လေး နဲ့ ပါးပါးကို အခန်းသီးသန့်ပြင်ထားမှန်း မသိလို့ပါ ။ စိတ်မကောင်းမဖြစ်နဲ့နော်.."

Second Chance(System) [Completed]Where stories live. Discover now