Arc-2.3

30K 3K 147
                                    

(Zawgyi)

Arc-2.3

တိုက်ပွဲအတွင်း ဝင်ရောက်လာသော သေးသွယ်သည့် အရိပ်ကလေးတစ်ခုကြောင့် တိုက်ပွဲအခြေ အနေမှာ ပြောင်းပြန်ဖြစ်သွားရသည်။ အချိန်တစ်ခဏယူပြီးနောက် မျိုးစပ်ကောင်ဆန်းများကို အနိုင်ရ လိုက်လေသည်။ ထိုလူစုသည် သူတို့အားကယ်လိုက်သော အရိပ်ကလေးအား ကျေးဇူးတင်စကားပြော လိုက်သည်။

"ကျေးဇူးတင်ပါတယ်ဗျာ..။ ဒီကကယ်တင်ရှင်ကြီးသာ မကယ်ရင် ကျွန်တော်တို့ အဖွဲ့သေရမှာ အမှန်ပါ.."

ထိုလူစုသည် သူတို့အား ကယ်တင်လိုက်သော သူအား ကြည့်လိုက်သော်လည်း မည်သူမည်ဝါမှန်း မသိကြ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ရှင်လူသားသည် သေးသွယ်သောခန္ဓာကိုယ်နှင့် တစ်ကိုယ် လုံး အနက်ရောင် ဝတ်ဆင်ထားသည်။ မျက်နှာကိုလည်း နှာခေါင်းနားမှစ၍ ပုဝါအနက်တစ်ထည်ဖြင့် ဖုံးကွယ်ထားသေးသည်။ တစ်စွန်းတစ်စ ပေါ်လွင်နေသော မျက်ဝန်းနက်နက်များကိုသာ မြင်တွေ့ရ သော်လည်း အလွန်ချောမောသော လူငယ်တစ်ဦးဖြစ်ကြောင်း ပြောနိုင်သည်။

"ကိစ္စမရှိပါဘူး..။ ကျွန်တော်က ဒုက္ခရောက်နေတာမြင်ရင် မနေနိုင်လို့ပါ"

ဝသန်၏ စကားအဆုံး ထူးထူးလေး တံတွေးသီးကုန်တော့သည်။

[Host...မျက်နှာပြောင်ချက်..။ စောစောကမှ ဒီတိုင်းရပ်ကြည့်နေပြီး mission ဆိုမှ ဝင်ကယ်တာကို များ...]

စကားပြောရင်း ပုဝါအား ဖယ်ပစ်လိုက်သူကြောင့် Jole တို့တစ်ဖွဲ့လုံး ဆွံ့အသွားရသည်။ ဒီတည် ရှိမှုကို ဖန်ဆင်းတဲ့သူက အရမ်းကြီး ဘက်လိုက်မနေဘူးလား..။ မိမိတို့ နတ်ဘုရား မမြင်ဖူးသော်လည်း သေချာသည် ယှဉ်ရင်ပင် ဒီကလေးမရှံးနိုင်..။

၁၄..၁၅နှစ် အရွယ်လောက်ဘဲ ရှိဦးမည်..။ သို့သော် တိုက်ရည်ခိုက်ရည်ကတော့ လုံးဝ အထင်သေး လို့မရ..။ တိကျသေချာသော အကွက်များဖြင့် အကောင်ဆန်းများကို တိုက်ခိုက်သွားသည်မှာ ကိုယ်တွေ ထက်သာမှန်း သိသာလှသည်။

"အစ်ကိုတို့ စခန်းချဖို့နေရာ ရှာထားပြီးပြီလား..။ မကြာခင်မိုးချုပ်တော့မှာဗျ.."

အိုက်ရား... အသံလေးကလဲ ချိုနေသေးသည်။ Anime ဇာတ်ကောင်သာဆိုပါက မိမိတို့မျက်ဝန်း များတွင် အသည်းပုံများပေါ်နေမည်မှာ အမှန်ပင်..။

Second Chance(System) [Completed]Where stories live. Discover now