Arc-3.10

26.8K 2.6K 116
                                    

(Zawgyi)

Arc-3.10

မင်းဝသုန် ၏ စကားအဆုံး မင်းမာန် မျက်ဝန်းတွင် ပျော်မြူးရိပ်များ ဖြတ်ပြေးသွားရသည်။ ထင်မှတ်မထားစွာပင် မင်းမာန် ၏ အဖြူရောင်လေးသည် နတ်ဆိုးဆန်ဆန်လဲ ပြုံးတတ်သေးသည်..။

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ အဖြူရောင်လေး..။ အဖြူရောင်လေး ပြုံးပြမိတဲ့ ကိုယ်က နတ်ဆိုး ဘုရင်ကြီး ဖြစ်နေသည်လေ..။ လေဆိပ်မှာထဲက မိမိ နှလုံးသားကို လှုပ်နိုးသွားသည့်အတွက် အဖြူရောင် လေး ကျိန်းသေပေါက် တာဝန် ယူသင့်တယ်မလား..။

မင်းမာန် မိမိ အား အဖြူရောင်လေး သတိထားမိအောင် သက်သက်လုပ်ခြင်း ဖြစ်သည်..။ မိမိ နာမည်အားသိနေသော အဖြူရောင်လေးကြောင့် မင်းမာန် ကျေနပ်သွားရသည်..။ မိမိ အား ထက်ရှနေ သော မျက်ဝန်းများဖြင့် ကြည့်နေသော အဖြူရောင်လေးကြောင့် နှုတ်ခမ်းတွန့်ကွေးယုံပြုံး လိုက်မိသည်။ အဖြူရောင်လေး၏ တစ်စုံတစ်ခုအပေါ်တွင် အာရုံစိုက်သော ပုံစံလေးသည် အတော်ပင် ချစ်စရာကောင်း သည်...။

"အခုလုပ်မယ့် projectမှာ ကိုယ့်ကို အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်ခွင့်ပေး။ ဒါဆို ဒုတိယ ရှယ်ယာ အများဆုံးဖြစ်တဲ့ ကိုယ်က မင်းကို ထောက်ခံပေး မယ်.."

ရှယ်ယာရှင်များ အားလုံး မင်းမာန် အား ကြည့်လိုက်မိကြသည်။ ရင်းနှီးမြုပ်နှံမှု နတ်ဘုရား သည် မိမိတို့ မယှဉ်ပြိုင်နိုင်လောက်အောင် စီးပွားရေး အကွက်မြင်သည်..။

"ကောင်းပြီ...ကျုပ်လက်ခံတယ်..."

မင်းဝသုန်၏ စကားအဆုံး ပန်သစ္စာ မျက်နှာထိန်းမရစွာ မည်းမှောင်သွားရသည်..။ ပန်သစ္စာ ကြားလိုက်ရသည့် ကိုယ့်နားကိုပင်မယုံနိုင်။ မင်းမာန် ကလက်ခံသည်တဲ့..။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ အစည်းအဝေး ပြီးသည်နှင့် ထွက်သွားသော မင်းမာန် နောက်သို့ ပန်သစ္စာ အပြေးအလွှား လိုက်သွားကာ ရှေ့မှ ပိတ်ရပ်လိုက်သည်..။

"မင်းမာန် ရှင်ဘယ်လို လုပ်လိုက်တာလဲ.."

ပန်သစ္စာ စကားကြောင့် မင်းမာန် ၏ မျက်ခုံးထင်းထင်းများ တွန့်ကွေးသွား ရသည်။ မင်းမာန် အမုန်းဆုံးမှာ မိမိ အားအထက်စီးမှ ဆက်ဆံခြင်းဖြစ်သည်..။ ပန်သစ္စာ သည် အရာရာကို လွှမ်းမိုးချင် သော မိန်းမမျိုးဖြစ်သည်။ သူမ ၏ လှည့်ကွက်များကို မမြင်နိုင်လောက်အောင် မင်းမာန် မတုံးသေး..။

Second Chance(System) [Completed]Where stories live. Discover now