Arc-4.12

18.9K 2.3K 34
                                    

(Zawgyi)

Arc-4.12

သတိလစ်နေသော ရှိန်းနွေကို မဟော် စံအိမ်တော်သို့သာ ခေါ်လာလိုက်သည်။ သွေးထွက်လွန် ထားပုံရသော ရှိန်းနွေသည် ဖြူလျော့ကာ ယခုတိုင် သတိမလည်သေး...။ ရှိန်းနွေအား ကုတင်ပေါ်တင် ပေးပြီးသည်နှင့် သူနှင့်မဆိုင်တော့သလို ဒီတိုင်းရပ်ကြည့်နေသော မဟော်ကြောင့် ဝသန်သာ သမားတော် ခေါ်ရန် ပြင်ရတော့သည်။ မဟော် သမားတော်ခေါ်ပေးမည့် အချိန်ကိုသာ စောင့်နေပါက ရှိန်းနွေ သွေးထွက်လွန်ကာ သေသွားပေလိမ့်မည်..။

"အိမ်တော်ထိန်း သမားတော်ခေါ်ခဲ့..ချက်ချင်း..."

ဝသန် အမိန့်သံဆုံးသည်နှင့် အသက်၅၀ အရွယ် ဥပဓိရုပ်ကောင်းသော လူကြီးတစ်ယောက်သည်

ဦးညွတ်ကာ ပြန်ဖြေလာသည်..။

"ဟုတ်ကဲ့...ကြင်ယာတော် ကျွန်တော် စီစဉ်လိုက်ပါ့မယ်..."

ထိုကြင်ယာတော် ဟူသောအခေါ်အဝေါ်မှာ မင်းမဟော် လက်ချက်သာ ဖြစ်သည်။ မင်းမဟော် ၏ တစ်ချက်လွတ် အမိန့်ကြောင့် ဝသန့် အား ကြင်ယာတော်ဟုသာ ခေါ်ကြသည်။ ဝသန် အတွက် ထိုသို့ တစ်ခါ ခေါ်ခံရတိုင်း ဟိုကနာသလို ဒီကနာသလို ခံစားချက်ကြီးက ဖြစ်လာမြဲ..။ ဝသန် မင်းမဟော် ကိုသာ မျက်စောင်း လှမ်းထိုးလိုက်တော့သည်။ ဝသန့် မျက်စောင်း၏ အရင်းခံရာကိုသိသူ မင်းမဟော် က တော့ ပြီတီတီ အပြုံးဖြင့်သာ။ ထိုစဉ်...

"ကိုကိုရေ..ကိုကို ဒဏ်ရာတွေနဲ့ သူတစ်ယောက်ကို ကိုကို တို့ ခေါ်လာတယ်ဆို.."

သျှားမေ စပ်စုချင်သောကြောင့် အိမ်အမြန်ပြန်လာခြင်းဖြစ်သည်။ ကိုကို အဖြေအား စိတ်ဝင်တစား စောင့်နေလိုက်သည်...။

"အင်း...ဟုတ်တယ် ခွေးပေါက်လေး ကိုကို တို့ မိတ်ဆွေဟောင်းပါ။ တောထဲမှာ တိုက်ခိုက်ခံထား ရတဲ့ပုံဘဲ..သတိလစ်နေလို့ခေါ်လာတာ..."

သျှားမေ ကုတင်ပေါ်တွင် သတိလစ်နေသော ထိုသူအား ကြည့်လိုက်တော့..။

"အာ....ကိုကိုတို့ မိတ်ဆွေက အတော်ချောတာဘဲ။ ပန်းရောင်နှုတ်ခမ်း ဖူးဖူးလေးနဲ့ မျက်တောင် လေးတွေကလဲ ရှည်ပြီးကော့နေတာဘဲ။ မိုးမခကိုင်းပုံ မျက်ခုံးနဲ့ဘဲ နှာတံလဲ စင်းနေတာဘဲ..။ ဖြူလျော့ နေတာတောင် ကြည့်ကောင်းနေတုန်းဘဲ..။ ဒီလူက ချောတာမဟုတ်ဘူး လှတာ.."

Second Chance(System) [Completed]Where stories live. Discover now