Arc-6.26(Testing Life 1/Final)

20.7K 2.2K 184
                                    

(Zawgyi)

Arc-6.26

QX Club ရှေ့တွင် ကားမောင်းသူ၏ ကျွမ်းကျင်မှုဖြင့် လှပစွာ ထိုးရပ်လာသော sport car အနီ ရောင်လေး ထိုကားပေါ်မှ ရုပ်ရည်ချောမောကာ အေးစက်စက်အရှိန်အဝါများ ဝန်းရံနေသော လူငယ် တစ်ဦး ဆင်းလာလေသည်။ 

ထိုသူသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုပြုခြင်းမရှိဘဲ တော်ရုံသူများ ငေးကြည့်ရုံသာ တတ်နိုင်သော QX Club ၏ အပေါ်ဆုံးအထပ်တွင် ရှိသော သီးသန့်ခန်းဆီသို့ ဦးတည် ကာ တက်သွားလေသည်။

Z ဝိုင်မျိုးစုံအား သေသပ်စွာ စီထားသော စင်ပေါ်ရှိ သောက်နေကျ ဝိုင်တစ်ပုလင်းအား ယူကာ ဝိုင်ခွက်အတွင်းသို့ အနည်းငယ်ထည့်လိုက်ပြီး ထိုဝိုင်ခွက်အား ယူကာ အနည်းငယ် လှုတ်ခတ်စေလိုက် သည်။ 

ထို့နောက် အခန်းအလယ်တွင် ရှိသော အနက်ရောင် ဆိုဖာရှည်ပေါ်တွင် ထိုင်လိုက်ကာ တိတ် ဆိတ်စွာ ရပ်နေသော Four အား မေးလိုက်သည်။

"သူ့အခြေအနေဘယ်လိုလဲ..."

"သူ အသိစိတ်လွတ်သွားပါပြီ သခင်ကြီး.."

"Oh~!!..ဟုတ်လား စိတ်မကောင်းစရာဘဲ.."

နူးညံ့ညင်သာစွာ ပြောနေသော်လည်း ရေသေကဲ့သို့ တည်ငြိမ်နေသော မျက်ဝန်းများနှင့် ဆွဲမက် ဖွယ် ကောင်းသော်လည်း ကျောချမ်းစရာကောင်းအောင် ပြုံးနေသော နှုတ်ခမ်းများ..။ လက်ထက်ထဲတွင် ကိုင်ထားသော ဝိုင်ခွက်လေးအား ဆက်လက်လှုပ်ခတ်စေရင်း..။

"ငါက သူ့ဘဝကို အဆုံးသတ်ပြစ်ချင်တာ..။ ဒါပေမယ့် အကောင်ပေါက်လေးက အခွင့်အရေး ပေး စေချင်နေတယ်..။ သူ့ကို ဒီနိုင်ငံမှာမမြင်ချင်တော့ဘူး ဘယ်တော့မှ ပြန်မလာနိုင်အောင် သေချာလုပ် လိုက်..။ မသေဆုံးဘဲ ဒုက္ခတွေ တမြည့်မြည့်နဲ့ ခံစားရလဲ မဆိုးပါဘူး အဟက်~!!!.."

"ဟုတ်ကဲ့ပါ သခင်ကြီး.."

Z ဘဝတွင် ဆုံးဖြတ်ထားပြီးသား ကိစ္စရပ်အား နှစ်ခါပြင်ရိုးထုံးစံမရှိပေ..။ သို့သော် အကောင် ပေါက်လေး တောင်းဆိုခြင်း ဖြစ်သောကြောင့်သာ..။ အကောင်ပေါက်လေးသာ စိတ်ချမ်းသာမည်ဆိုပါက Z ဘာမဆို ဖန်တီးပေးမည် ဖြစ်သည်။

Second Chance(System) [Completed]Where stories live. Discover now