Arc-4.16

19.9K 2.4K 180
                                    

(Zawgyi)

Arc-4.16

သျှားမေ သတိရလာသောအခါ မြန်ဆန်လွန်းသော အဖြစ်အပျက်များကို အရင် ပြန်စီစစ်ရန် လုပ်ရ သည်..။

"နိုးပြီလား ကလေး အိပ်ရေးဝရဲ့လား..."

ရုတ်တရက်ဆန်စွာ ထွက်လာသော အသံဩရှရှက သျှားမေကို အလန့်တကြား ဖြစ်သွားစေသည်။ ထိုအသံကြားမှပင် ရောက်နေသောနေရာကို သတိထားမိတော့သည်..။ သျှားမေ ရောက်နေသည်က အခန်းတစ်ခု၏ ကုတင်တစ်ခုပေါ်တွင် ဖြစ်သည်...။

သျှားမေ အသံလာရာနေရာအား ကြည့်လိုက်မိတော့ မိမိဘေးတွင် ဘေးတစောင်း အနေအထား ဖြင့် လဲလျောင်းကာ လက်ထောက်၍ သျှားမေ အား မျက်တောင်မခတ်တမ်း ကြည်နေသော သူတစ်ဦး..။ နှုတ်ခမ်းများက ဆွဲဆောင်မှုရှိစွာပင် ပြုံးပြနေသေးသည်...။

"အား..~~!!!..ဘုန်း~~!!!..အဟင့်..အဟင့်..ဟီး..."

ပထမအသံမှာ သျှားမေ လန့်အော်သော အသံဖြစ်သည်။ ဒုတိယအသံမှာ အလန့်လွန်ပြီး ထခုန် သောကြောင့် ကုတင်ပေါ်မှ ပြုတ်ကျသောအသံ ဖြစ်ကာ တစ်ဆက်တည်း ထွက်လာသည်က နာသွား သောကြောင့် အော်ငိုသော သျှားမေ ၏ အသံဖြစ်သည်။

"ဟာ...ကလေး..."

ရုတ်တရက် မိမိအား တွေ့သည်နှင့် ထအော်ကာ ကုတင်ပေါ်မှ ပြုတ်ကျသွားသော ကလေးကြောင့် စေတန် စိုးရိမ်သွားရသည်။ အလွန်နာသွားပုံရသော ကလေးက မျက်နှာလေး တဖြည်းဖြည်းမဲ့လာကာ အစိမ်းရောင် မျက်ဝန်းများမှ မျက်ရည်များ ကျလာတော့သည်။

အနားသို့ အပြေးသွားကာ ထူပေးလိုက်သည်နှင့် မိမိလည်ပင်းအား သိုင်းဖက်ကာ အော်ငိုလာသော ကလေးလေးကြောင့် စေတန့် အပြုံးများ အသက်ဝင်သွားရသည်။ တကယ့် ကလေးလေး..။ အတော်ကြာ အော်ငိုပြီးသောအခါမှ မေးလာသည်က ခင်ဗျား ဘယ်သူလဲတဲ့..? ။ ဒီကလေးစုတ် မေးဖို့တော့ သတိရ သေးသည်ဘဲ...။ ရီချင်နေသည်များကို မြိုချကာ ပြန်ဖြေလိုက်ရသည်။ မဟုတ်ပါက အရှေ့မှ ပေါက်စက

မျက်စောင်းထိုးနေပြီလေ..။

"အဟမ်း..~!!...ကိုယ်က စေတန်..ဝံပုလွေမျိုးနွယ်က..."

"အင်...ဝံပုလွေမျိုးနွယ်က မျိုးသုန်းသွားပြီဆို..?...မဟုတ်ဘူးလား..."

Second Chance(System) [Completed]Where stories live. Discover now