Arc-2.1

39K 3.1K 87
                                    

(Zawgyi)

Arc-2.1

ဝသန် အခုရောက်ရှိနေသော ကမ္ဘာက သဘာဝလွန်ကမ္ဘာတစ်ခု...။ သဘာဝလွန်သွားရခြင်း အကြောင်းမှာ လူသားများကြောင့်ပင် ဖြစ်သည်။ ဝသန် ကတော့ ဒီကမ္ဘာကလူတွေကို သောက်ရူးတွေဟု သာ ထင်သည်။ သောက်ရူးမှမျောက်လက်နှင့် ဆတ်ဆတ် ဆော့ဆော့ သောက်ရူးများပင်..။

သူ့ဘာသာနေကြသော သတ္တဝါတွေကို မျိုးလိုက်စပ်ကြသည်တဲ့။ ဝသန် နေခဲ့သော မူလကမ္ဘာတွင် လည်း ထိုကဲ့သို့မျိုးစပ်မှုများ ရှိပါသည်။ ခွေးမျိုးစိတ်လေးတွေ၊ အပင်မျိုးစိတ်လေးတွေ မျိုးစပ်တာမျိုး ပင်..။ ထိုအရာက ပြသနာမဟုတ်ပေ..။ ပြသနာက ထိုသူများသည် မျိုးစပ်နိုင်သောစက် တီထွင်လိုက်ခြင်း ပင်..။

ထိုသူများသည် စက်ကို Computer တစ်လုံးထက်သာလွန်သော အသိဉာဏ်ထည့်ပေးထားကာ လုံးဝ အဆင့်မြှင့်ထားသေးသည်။ ထို့ပြင် နာမည်ပင်ပေးလိုက်သေး Queen တဲ့...။ အဲ့ဒီ Queen ကြီးက တစ်ဖြည်းဖြည်း ထိန်းချုပ်မရဖြစ်လာကာ တွေ့သမျှမျိုးစိတ်တွေအကုန် မျိုးလိုက်စပ်လေတော့သည်။

Security System တွေလဲ အများကြီး မြှင့်ပေးထားသည့်အပြင်၊ အလိုအလျောက် ပြုပြင်ခြင်း၊ အကာအကွယ်တွေ အမျာကြီးပါသောကြောင့် ဖျက်စီးရလဲမလွယ်ပေ..။ ထိုအချိန်မှစ၍ ကမ္ဘာကြီး ဗြောင်း ဆန်လေတော့သည်။

Queen မျိုးစပ်ထားတဲ့ မျောက်ဝံနဲ့ မြွေ၊ ပုတ်သင်ညို မျိုးရောကောင်တွေ၊ နွယ်ပင်နဲ့ လူမျိုးစိတ် စပ်ထားတဲ့ သစ်ပင်လူသားလိုလိုကောင်တွေ အားလုံးစုပေါင်းကာ ထိန်းမနိုင်ကြတော့သောကြောင့် လူ သားများအတွက် ငရဲတံခါး စတင်ဖွင့်လိုက်သော အချိန်လိုပင် ဖြစ်ကုန်တော့သည်။

အဆိုးဆုံးပြသနာမှာ မျိုးစပ်ကောင်များသည် လူသားများ၏သွေးအရသာအား အကြိုက်တွေ့သွား ခြင်းပင်..။ မျိုးရိုးဗီဇများစွာအား ပေါင်းစပ်ထားခြင်းဖြစ်သောကြောင့် မျိုးစပ်ကောင်များ၏ DNA လက္ခဏာရပ်များမှာ ခန့်မှန်းရခက်သည်။ မည်သည့်စွမ်းရည်ရှိမှန်းမသိသောကြောင့် လူသားများအတွက် ပြန်လည်တိုက်ခိုက်ရသည်က အမှောင်ထဲ လမ်းလျှောက်ရသကဲ့သို့ ဝေဝေဝါးဝါး အထိနာသမျှသည် လူသားများသာ...။

Second Chance(System) [Completed]Where stories live. Discover now