Arc-6.6(Testing Life 1)

21.8K 2.3K 254
                                    

(Zawgyi)

Arc-6.6

M မင်းရဲ့မဖြစ်စလောက် သည်းခံနိုင်စွမ်းတွေကြောင့် ငါ့အစီအစဉ်တွေ ပိုပြီး မြန်မြန်ဖြစ်လာ တော့မယ် ထင်တယ်..။ ဝသန် အတွေးနှင့်အတူ ပြုံးလိုက်မိသည်။

အနည်းငယ် ပြုံးယောင်သန်းလာသော အကောင်ပေါက်လေး၏ မျက်နှာအမူအရာကြောင့် Z စိတ်အေးသွားရသည်။ အကောင်ပေါက်လေးအား ကြောက်လန့်မှုကို မခံစားစေချင်ပါ..။

"အကောင်ပေါက်လေး ကိုယ်ရုံးသွားတော့မယ် ဘာစားချင်လဲ..."

အစားအသောက်ဆိုသည်မှာ မပြစ်ပယ်ကောင်းသောအရာဖြစ်သည်။ ထို့ကြောင့် ဝသန် Z အား တစ်ခုခုမှာရန် သေချာတွေးတောလိုက်သည်။

"အင်း...ဖရဲသီးစားချင်တယ် ပျားရည် စိမ်ထားတာလေးနော် ဟီး~~!!..."

အခုတလော ရာသီဥတုမှာပူလာသဖြင့် ဝသန် အသီးအနှံများသာ စားချင်နေသောကြောင့် ဖြစ် သည်။ မိမိအား မျက်နှာချိုသွေးနေသော အကောင်ပေါက်လေးကြောင့် Z အပြုံးများ ဖြစ်လာရသည်။

"ဟုတ်ပါပြီကွာ ကိုယ်ရအောင်ဝယ်ခဲ့မယ် ဟုတ်ပြီလား အခြားရော ဘာစားချင်သေးလဲ.."

"ဘာမှမစားချင်တော့ဘူး ကျွန်တော် လမ်းလျှောက်နိုင်တဲ့အခါမှ ကိုယ်တိုင်ကိုယ်ကျ လိုက်ဝယ် စားတော့မယ်..."

ငါပြန်ကောင်းတဲ့နေ့ မုန့်ပတ်စားမယ် အဟင်း..အဟင်း~!!..။ ဝသန်မှာ သဘောရိုးဖြင့် ပြော လိုက်ခြင်းဖြစ်သော်လည်း Z မျက်နှာထိန်းမရအောင် ပျက်သွားရသည်။ 

Z အကောင်ပေါက်၏ ခေါင်း လုံးလုံးလေးကို ခပ်ဖွဖွပွတ်သပ်ကာ နှုတ်ဆက်စကားပြော၍ ထိုအခန်းထဲမှ ထွက်လာခဲ့သည်။

Z အပြင်ရောက်သည်နှင့် Doctor အား Ph ဆက်ကာ ပြောလိုက်သည်။

"အကောင်ပေါက်လေး ခြေထောက်ပြန်ကောင်းဖို့ Plan မြန်မြန်စတော့.."

Doctor တစ်ယောက် ပြောချင်တာပြောကာ ph ချသွားသော သခင်ကြီးကြောင့် ပြောသွား သောစကားများကို အတော်ပင် ပြန်လည်ကာ တွေးယူလိုက်ရသည်။ အကောင်ပေါက်လေး..?..။ ခြေ ထောက်ပြန်ကောင်းအောင်..?..။ သခင်ကြီး အိမ်မွေးတိရိစ္ဆာန်အသစ် မွေးထားတာလား ဘာကြီးလဲ ကွာ...။

Second Chance(System) [Completed]Where stories live. Discover now