Arc-2.8

28.2K 2.7K 8
                                    

(Zawgyi)

Arc-2.8

Mira Jack ကို အရမ်းမုန်းသည်။ Jack သည် Mira ဘဝ၏ ဂြိုလ်ဆိုးပင်..။ သူသာ ပေါ်မလာခဲ့ရင် အရာအားလုံး အဆင်ပြေမည်သာ..။ ထိုဂြိုလ်ကောင်လေးကြောင့် မိမိဘဝ အခုလိုဖြစ်ရခြင်း ဖြစ်သည်။

အပြစ်အနေနှင့် Mira အား အဝတ်လျော်ဆောင်သို့ ပို့လိုက်ကြသည်။ ထိုအဆောင်သည် စခန်း အနောက်ဘက်တောစပ်ရှိ စမ်းချောင်းဘေးတွင်ဖြစ်ကာ တစ်စခန်းလုံးရှိ အဝတ်များကိုလျော်ရန် ပြုလုပ် ထားသော နေရာဖြစ်သည်။

အလုပ်ကြမ်းလုပ်နေကျ မိန်းမများအတွက် ဘာမှမဖြစ်သော်လည်း အေးစက်သော ရေများဖြင့် နိမ့် ကျသော သူများ၏ အဝတ်အစားများ လျှော်နေရခြင်းမှာ Mira အတွက် ငရဲတမျှပင်..။ ကောင်စုတ်လေး ကြောင့်သာ ခေါင်းဆောင်သည် မိမိကို အထင်လွဲသွားရခြင်း..။ ထိုကောင်စုတ်လေးကြောင့်သာ နိမ့်ကျ သော သူများ၏ အထင်သေးသော အကြည့်များဖြင့် ကြည့်ခံရခြင်း ဖြစ်သည်။ ဘာလို့များ အကောင်ဆန်း တွေ လက်ထဲတွင် တစ်ခါထဲ သေမသွားရတာလဲ...ဘာလို့လဲ...။

"နင်အခုတော့ ပျော်နေလိုက်စမ်းပါ။ မကြာခင် နင့်အပျော်တွေ ဆိတ်သုန်းသွားအောင် လုပ်ပြမယ်"

-----------------

၂နှစ်....၂နှစ်ရှိပြီ ဖြစ်သည်။ လူတွေရဲ့အမြင်တွေ ပြောင်းဖို့ Mira နှစ်နှစ်လောက် အချိန်ယူခဲ့ရသည်။ ဒီ၂နှစ်အတွင်း Jack အပေါ်ထားသော Mira အမုန်းများက ပိုမို ရင့်သန်လာရသည်။

အခုဆို လူတွေက Mira အား အရင်လို သတိထားနေမှုများ မလုပ်ကြတော့ပေ။ ထိုသို့ ဖြစ်အောင် လည်း Mira ကြိုးစား နေထိုင်ခဲ့သည်ဘဲလေ...။ Mira မည်သည့်အရာကိုမှ အလျင်စလိုမလုပ်ဘဲ နေနေခဲ့ ခြင်းဖြစ်သည်။ ထုံထိုင်းသော အလုပ်များလုပ်ရအောင် မိမိသည် ဉာဏ်မဲ့သော မိန်းမတစ်ယောက်မှ မဟုတ်ဘဲလေ...။

ဒေါ်နယ်လီ ဟုခေါ်သော အဝတ်လျော်ဆောင်၏ တာဝန်ရှိသူ မိန်းမကြီးအား မိမိလူအဖြစ် စည်းရုံး ထားနိုင်ခဲ့သည်။ ထိုနိမ့်ကျသော မိန်းမအား သိမ်းသွင်းရသည်မှာ Mira အတွက် လွယ်ကူလွန်းသည်လေ။ ယခုအချိန်တွင် Mira အတွက် လိုအပ်သည်က အခွင့်အရေးတစ်ခုသာ...။

Second Chance(System) [Completed]Where stories live. Discover now