Arc-4.3

24.6K 2.7K 160
                                    

(Zawgyi)

Arc-4.3

မူလဇာတ်ကြောင်းတွင် ရှိန်းနွေ အား ကူညီပေးသူမှာ ဇာတ်လိုက် မင်းမဟော် ဖြစ်သည်။ မူလ စစ်တလင်းသည် တစ်သီးတစ်သန့် ဘာသိဘာသာနေတတ်သူ ဖြစ်သောကြောင့် ရှိန်းနွေအား စိတ်ဝင် စားခြင်း မရှိသကဲ့သို့ မင်းမဟော် ကူညီသောအခါတွင်လည်း ကန့်ကွက်ခြင်း မရှိခဲ့..။

ရှိန်းနွေအား မသင်္ကာဖြစ်လာသောအခါမှသာ မင်းမဟော်အား သတိပေးခဲ့သော်လည်း မင်းမဟော် က လက်မခံသောကြောင့် မျိုးနွယ်စုအား သတင်းပေးခဲ့ယုံမှ လွဲ၍ ဝင်စွက်ဖက်ခြင်း မရှိပေ..။

ယခုမူ မိမိသည် ဝသန် ဖြစ်သည်။ စစ်တလင်း ကဲ့သို့ အေးဆေးစွာ လျစ်လျူရှုမနေနိုင်..။ ထို့ ကြောင့် ဇာတ်လိုက်နှစ်ယောက်၏ ရင်းနှီးခြင်းအစဖြစ်သော ကယ်ဆယ်ခြင်း ဇာတ်ကွက်အား ပျော်ပျော် ကြီးပင် ဖျက်ဆီးပြစ်လိုက်သည်။

[Host မင်းမဟော်ကလေ ရှိန်းနွေကို အမြင်မကြည်ဖြစ်နေပြီဗျ..။ Host တော်လိုက်တာ.. ဘယ်လို စဉ်းစားမိသွားတာလဲဗျ...]

ထူးထူး အမေးကြောင့် ဝသန် ပြုံးလိုက်မိသည်...။

"ငါ့ချစ်သူက ဘဝအဆက်ဆက် ဘယ်လိုလူမျိုးလဲ မင်းသိလား ထူးထူး...?.."

[သဝန်တို ဘုရင်ကြီး..!!...]

"အဟား~~ဟုတ်တာပေါ့...အဲ့အချက်လေးကို အသုံးချလိုက်ယုံပါဘဲ..."

ဝသန် ထူးထူးနှင့်ပြောရင်း သဘောတကျပြုံးနေမိသည်။ ဝသန် မသိသည်က ထိုအပြုံးအား ကြည့်

ကာ အတွေးပွားနေသော သူနှစ်ဦးလည်း ရှိသည်။

ရှိန်းနွေ မိမိအား ပွေ့ချီထားသောသူ၏ မျက်နှာအား ငေးကြည့်နေမိသည်..။ ဒီလူသိပ်ချောတာ ဘဲ..။ နူးညံ့တဲ့အပြုံးတွေနဲ့ ဂရုစိုက်မှုတွေ...။ ကြင်နာစွာ ကြည့်တတ်တဲ့ အကြည့်တွေနဲ့ သူ...။ တစ်ချက် ကြည့်ယုံဖြင့် သာမန်အဆင့်အတန်းက သူမဟုတ်မှန်း သိသာနေတဲ့ အရှိန်အဝါများက ရှိန်းနွေကို စိတ်ဝင် စား မှုများ မြင့်မားစေသည်...။ ဒီလူကို ပိုင်ဆိုင်ချင်စိတ်များ ထိန်းမရတော့...။

မင်းမဟော် လူသားကောင်လေး အား ပွေ့ချီထားသော စစ်တလင်း ၏ ကျောပြင်ကို ထက်ရှစွာ ကြည့်လိုက်မိသည်..။ မင်းမဟော် ဒီအတိုင်း ငြိမ်နေလို့မဖြစ်...။ တစ်ခုခုတော့ လုပ်မှကို ဖြစ်တော့မည်...။ စစ်တလင်း မင်းကတော့ကွာ...။ တစ်ယောက်ထဲ ကြားရယုံသာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်..။

Second Chance(System) [Completed]Where stories live. Discover now