Arc-5.16

19.5K 2.3K 179
                                    

(Zawgyi)

Arc-5.16

ရိုင်ယန် အစီအစဉ်အတိုင်း စစ်သူကြီး အိမ်တော်တွင်ပြန်နေကာ ပါးပါး အား ရှာဖွေနေသောပုံ လုပ် နေလိုက်သည်...။ ရိုင်ယန် တပ်ဖွဲ့များအား လေ့ကျင့်ပေးနေစဉ် တပ်စခန်းသို့ လိုက်လာသော အိမ်တော် ထိန်းကြောင့် ရိုင်ယန် မျက်ဝန်းတွင် အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားရသည်..။ စ.. လှုပ်ရှား..ပြီ လား~..။

အိမ်တော်ထိန်း သည် ရိုင်ယန်အား အရိုအသေပြုကာ ပြောလာသည်။

"မင်းသားလေး ဦးရီးတော်ကိုရှာတွေ့ပါပြီ..."

ရိုင်ယန် မျက်ခုံးများ ပင့်သွားရသည်။ ပါးပါး ကို ရှာတွေ့ပြီဆိုဘဲ အဟက်~!!..။ ရိုင်ယန် အပြင် တွင်တော့ အလွန်ပျော်သွားသော ပုံသာရှိသည်...။

"တ.တကယ်လား...အိမ်တော်ထိန်း..!!.."

အသံများ တုန်သည်အထိ စိတ်လှုပ်ရှားကာ အလွန်အမင်း ဝမ်းသာသွားပုံရသော မင်းသားလေး ကြောင့် အိမ်တော်ထိန်း စိတ်မကောင်းဖြစ်မိသော်လည်း ဤအရာသည် မိမိ တတ်နိုင်တာမျိုး မဟုတ်ပေ။

ရိုင်ယန် အိမ်တော်ထိန်းနှင့်အတူ ပြန်လာသောအခါ ရိုင်ယန် မြင်လိုက်ရသည်က ကြီးမားသော အဖြူရောင် ခေါင်းတလားတစ်ခု..။ ရိုင်ယန် မျက်ဝန်းများ စူးရဲသွားသော်လည်း ချက်ချင်းပင် ဘာမှမဖြစ် သလို ပြောင်းလဲသွားသည်။ နားမလည်နိုင်သော မျက်ဝန်းများဖြင့် ခန်းမထဲတွင် ငြိမ်သက်စွာ ထိုင်နေသော စစ်သူကြီးအား ကြည့်ကာ မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ စစ်သူကြီး...? ပါးပါးရော ပါးပါးကို ပြန်ရှာတွေ့ပြီဆို..."

စစ်သူကြီး သက်ပြင်းဖွဖွချကာ အလွန်စိတ်မကောင်းဖြစ်နေသော မျက်ဝန်းများဖြင့် မင်းသားလေး အား နှစ်သိမ့်ပေးလိုက်သည်။

"ဦးရီးတော် အေးချမ်းစွာနားပါစေ မင်းသားလေး။ ဦးရီးတော်ကို ချောက်ကမ်းပါးနားမှာ ရှာဖွေတွေ့ ခဲ့တာ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံခဲ့ရသလိုဘဲ..။ ဒဏ်ရာတွေ များလွန်းလို့ မျက်နှာတောင် မမှတ်မိတော့ဘူး မင်းသားလေး..."

ရိုင်ယန် ခေါင်းငုံ့ထားသောကြောင့် သွေးဆာနေသော ရိုင်ယန်၏ မျက်ဝန်းများကို မည်သူမှ သတိ မထားမိချေ..။ ရိုင်ယန် နှုတ်ခမ်းစွန်းတစ်ဖက် တွန့်ကွေးသွားကာ စစ်သူကြီး အား မေးလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now