Arc-5.11

20.3K 2.4K 191
                                    

(Zawgyi)

Arc-5.11

ရိုင်ယန် ထီးနန်းအား ပြန်လည်သိမ်းယူနိုင်ရန် အစွမ်းကုန် ကြိုးစားနေရသောကြောင့် ပါးပါး အနား မကပ်နိုင်သည်မှာ ကြာပြီဖြစ်သည်။ ယခုဆိုလျင် ရိုင်ယန် တစ်ဦးထဲ၏ အမိန့်ကိုသာ နာခံစေရန် ရိုင်ယန် ကိုယ်တိုင် လေ့ကျင့်ပေးထားသော အထူးစစ်သားများပင် အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်။

ရိုင်ယန် စိတ်ဝင်စားစရာကောင်းသော အချို့အရာများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ဇိုင်းလော် ရယ် ပြည်ရဲ့ သစ္စာဖောက်အကြောင်းပင် ရီစရာကောင်းစွာပင် စစ်သူကြီး ဖြစ်နေခဲ့သည်။ ရိုင်ယန် သေချာ သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

"ခင်ဗျား ဘဝကို ကျုပ်ဖျက်ဆီးပြစ်မှာ..။ တကယ့်ကို တဖြည်းဖြည်းချင်းပေါ့.."

ယခုဆိုလျင် ရိုင်ယန် ပါးပါးအား စောင့်ရှောက်ရန် လုံလောက်သော အင်အားများ ပိုင်ဆိုင်နေပြီဖြစ်သည်။ ပါးပါး အဆိုးလေးက မိမိ မရှိသည်နှင့် အပြင်ထွက်လည်သည်ကို သိသော်လည်း တစ်ခဏ လွတ်လပ်ခွင့် ပေးထားသည့်အနေဖြင့် ရိုင်ယန် မသိချင်ယောင်ဆောင်ထားခြင်းဖြစ်သည်။ ဒါကိုပင် ပါးပါး ငတုံးလေးက သူ့ကိုယ်သူ အဟုတ်မှတ်နေလေသည်။

ပါးပါး အကြောင်းတွေးလိုက်သည်နှင့် ရိုင်ယန် မျက်နှာတွင် အသက်ဝင်လှသော အပြုံးများ ဖြစ် တည်လာရသည်။ ဒီရက်ပိုင်းအတွင်း ခြေငြိမ်နေသော ပါးပါး အဆိုးလေးအား တွေ့ရန် ရိုင်ယန် ခြေလှမ်း များ စစ်သူကြီးအိမ်တော်သို့ ဦးတည်လိုက်သည်။

သို့သော် ပါးပါး ကြိုက်သော မုန့်တစ်ချို့ဝယ်ရန် စိတ်ကူးမိသောကြောင့် ဈေးသို့ အရင်ဦးတည် လိုက်သည်။ ရိုင်ယန် ဈေးထဲသို့ ရောက်သောအခါ တစ်နေရာအရောက် ရိုင်ယန် မျက်ဝန်းများ စူးရဲသွားရ သည်။

လမ်းဘေးတစ်နေရာတွင် ကပ်ထားသော မျက်နှာတစ်ဝက်အား မျက်နှာဖုံး အသုံးပြုကာ ဖုံးကွယ် ထားသော သူတစ်ဦး၏ ပုံအား သေချာကြည့်ကာ ရိုင်ယန် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။

"ဒါပါးပါး ပုံတူမလား...ဘာလို့..."

ပါးပါး ၏ အသက်ရှူသံကိုပင် မှတ်မိနေသော ရိုင်ယန်အတွက် မျက်နှာတစ်ဝက်အား ဖုံးကွယ် ထားသည့်တိုင် ထိုသူမှာ ပါးပါးဆိုသည်မှာ သေချာလှသည်။ ထို ပုံတူအောက်တွင် ရေးထားသော စာအား ဖတ်ပြီးနောက် ရိုင်ယန် မျက်လုံးတွင် အန္တရာယ် အငွေ့အသက်များ ပြည့်သွားလေသည်။ ရေးထားသော စာက...

Second Chance(System) [Completed]Where stories live. Discover now