Arc-5.21

19.2K 2.1K 158
                                    

(Zawgyi)

Arc-5.21

မှော်နက်ဘုရင် အထိန်းတော်ကြီးအား အမိန့်ပေးလိုက်သည်။

"နန်းတွင်းမှာ ပွဲတစ်ခုစီစဉ်လိုက်..။ ဇိုင်းလော်ရယ်ပြည်ရဲ့ ဆက်ခံသူ တင်မြောက်ပွဲလို့ ကြော်ငြာ လိုက်..!!.."

အထိန်းတော်ကြီး အံ့ဩသွားရသည်။ မိမိတို့အရှင်တွင် မိဖုရားပင် မရှိသေးချေ..။ ဒါကို ဘယ်က ကလေးကို နန်းတင်မည်နည်း။ မိမိတို့အရှင်တွင် တိတ်တိတ်ပုန်း မွေးထားတဲ့ ကလေး ရှိနေတာဘဲ ဖြစ်ရ မည်။ အထိန်းတော်ကြီး မှော်နက်ဘုရင်၏ မျက်နှာအား တစ်ချက်ခိုးကြည့်ကာ သက်ပြင်းတစ်ချက် ခိုးချ လိုက်သည်။

ဪ...အရှင်လဲမထင်ရဘူး တိတ်တိတ်ပုန်းကလေး ရှိတာကိုး..။ ဒါမျိုးကို ကုတ်ကမြင်းလို့ ခေါ်ရ မလား...။ အရှင့်ရဲ့သားကရော အရှင့်လို သက်ရှိကျောက်တောင်ကြီးဘဲလား မသိဘူး။ သိချင်လိုက်တာ။

မျက်နှာတည်ကြီးဖြင့် ပေါက်ကရတွေးနေသော အထိန်းတော်ကြီး၏ အတွေးများကိုသာ မှော်နက် ဘုရင်ကြားပါက သွေးများအန်သည်အထိ ဒေါသထွက်ကာ..မင်းအဖေ ငါကငါ့မိဖုရားလေး တစ်ယောက် ထဲဘဲ ချစ်တာကွ.. ဟု ဖြေပေလိမ့်မည်။

အမှန်တကယ်တွင် မှော်နက်ဘုရင်သည် ရိုင်ယန်အား ဆက်ခံသူအဖြစ် တင်မြှောက်ရန် လုပ်နေ ခြင်း ဖြစ်သည်။ မိမိသည် ထီးနန်းအား မက်မောသူမဟုတ်ပေ..။ မျိုးနွယ်စု အတွက် လက်စားချေချင်၍ သာ ဤသို့လုပ်ခဲ့ခြင်း..။ အရာအားလုံး ပြီးဆုံးသွားသည့် တစ်နေ့တွင် မိမိချစ်တဲ့သူနှင့် အေးချမ်းသော နေရာလေး တစ်ခုတွင် တူတူနေသွားမည်ဖြစ်သည်။

နန်းတွင်းရေးများသည် အလွန်ရှုပ်ထွေးလွန်းသည်။ ထို့ကြောင့် ဟို အကောင်စုတ်လေး လုပ်ပါစေ လေ..။ အဟင်း~~~!!!.. မိမိကတော့ အချစ် အနားသာကပ်ရင်း ဘဝကိုကုန်ဆုံးမည်။ ဤသည်မှာ မိမိ၏ ပထမဦးစားပေး plan ဖြစ်ပြီး..ဒုတိယ plan မှာ တစ်စုံတစ်ဦးကို ထောင်ချောက်ဆင်ရန် ဖြစ်သည်။

-------------

မှော်နက်ဘုရင်၏ ဆက်ခံသူတင်မြှောက်ပွဲ အကြောင်းကြားသောအခါ စစ်သူကြီး အံ့ဩသွားရ သည်။ ထိုအကြံအစည်များဖြင့် ပြည့်နေသော မြေခွေးသည် မည်သည့်အကွက်ကို ရွေ့နေပြန်ပြီလဲ..။

Second Chance(System) [Completed]Where stories live. Discover now