Arc-6.2(Testing Life 1)

23.1K 2.5K 114
                                    

(Zawgyi)

Arc-6.2

"ကိုကို ဘာလို့သူကို အိမ်တော်မှာခေါ်ထားရတာလဲ..."

တိတ်ဆိတ်နေသောအခန်းငယ်ထဲတွင် M အသံက အလိုမကျစွာ ထွက်ပေါ်လာသည်။ ပိုက်ဆံ အလုံအလောက်ပေးလိုက်ရင်ရပြီကို ဘာလို့ဒီလိုလုပ်သည်လဲ M နားမလည်နိုင်..။ M ၏ စကားသည် Z ၏ မျက်ခုံးထင်းထင်းများကို တွန့်ချိုးသွားစေသည်။

Z စစ်လက်စစာရင်းများကို ရပ်လိုက်ကာ စူးရှသောမျက်ဝန်းညိုများသည် M ဆီသို့ ရောက်သွား လေသည်..။ Z အခုလုပ်သမျှအားလုံးသည် M အတွက်သာ လုပ်နေခြင်းဖြစ်သည်။ ပြသနာများမကြီး လာစေရန်ပင်..။ 

ဘာလို့ M..က နားမလည်နိုင်ရတာလဲ..။ သို့သော် အလိုလိုက်ထားသော ညီငယ် လေးဖြစ်သောကြောင့် မဆူချင်။ အကျိုးအကြောင်းသာ ရှင်းပြရန်လုပ်လိုက်သည်..။

"M ဒီပြသနာက မင်းလုပ်ထားတာလေ တာဝန်ယူရမှာပေါ့..."

M အတွက် Z ၏အကြောင်းပြချက်သည် လက်မခံနိုင်စရာပင်..။ မိမိစကားကို ပထမဆုံးအနေ ဖြင့် Z မလိုက်လျောခြင်းဖြစ်သည်။ ဤသည်က M အတွက် ပို၍မခံမရပ်နိုင်ဖွယ်ရာပင်..။ M ခပ် ပြတ်ပြတ်သာ ပြောလိုက်သည်..။

"ပိုက်ဆံပေးလိုက်ရင် ရပြီမလား..."

ညီငယ်၏တာဝန်မဲ့မှုကြောင့် Z ထိတ်လန့်သွားရသည်။ ကလေးကို ဒီလိုပုံစံဖြစ်အောင် လုပ်ခဲ့မိ တာ မိမိ၏အလိုလိုက်မှုတွေလား..။ Z အတော်ပင် အံ့ဩသွားရသည်..။

"တော်စမ်း M..!!..အဲ့ကောင်လေး အခုထိသတိမရသေးဘူး။ တစ်ပတ်တောင်ရှိပြီ..."

"တောက်~!!..."

M တောက်~!!.. တစ်ချက်ခေါက်ကာ လှည့်ထွက်သွားလေသည်။ ဘယ်တော့မှအသံမာမာဖြင့် ပြောလေ့မရှိသော ကိုကိုက မိမိအားအော်သည်။ ဒါဟိုကောင်လေးကြောင့် ဂြိုလ်ကောင်လေး..။ M ထိုကောင်လေးအား အလွန်မုန်းတီးမိသည်။

Z ညီလေးအားအော်မိသောကြောင့် စိတ်မကောင်းဖြစ်ရသည်။ Z စိတ်ညစ်ညူးစွာ သက်ပြင်း မောကို ချလိုက်မိသည်။ ဒီကလေးကို ဘယ်လိုဆုံးမရပါ့မလဲ..။

"ဒေါက်~~ဒေါက်~!!!.."

အပြင်မှကြားလိုက်ရသော တံခါးခေါက်သံကြောင့် Z ပြောလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now