Arc-7.21(Testing Life 2)

17.1K 1.9K 216
                                    

(Zawgyi)

Arc-7.21

မိုးသောက်.. အသေးလေး အား လက်လျော့ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက နောက်ဆုံးတွင် နာကျင်ရမည့်သူမှာ ကျိန်းသေပေါက် မိုးသောက် သာ ဖြစ်သည်လေ..။ 

မိုးသောက် ဆုံးဖြတ်ပြီးသည်နှင့် အဖြူရောင် ဆွယ်တာအင်္ကျီ နှင့် ဂျင်းအနက်ရောင်လေးအား ဝတ်ဆင်လိုက်ကာ အပေါ်မှ အညိုရောင် ကုတ်အရှည် တစ်ထည်အား ထပ်ဝတ်လိုက်သည်။ ထို့နောက် အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"Baby ဘယ်သွားမလို့လဲ..."

Light အသံကြောင့် မိုးသောက် ခြေလှမ်းများ ရပ်တန့်သွားရသည်။ အသံလာရာသို့ လှည့်ကြည့်လိုက် သောအခါဧည့်ခန်းထဲတွင် ကော်ဖီတစ်ခွက်အား တည်ငြိမ်စွာသောက်နေသော Light..။ မိုးသောက် ပြန် ဖြေလိုက်သည်။

"ကျောင်းခဏ သွားမို့.."

"ခဏ..?.."

"အင်း..!!..ကျွန်တော် ကျောင်းထွက်မို့ ကိစ္စသွားမလို့ ကိုကို.."

"ကိုယ်လိုက်ပို့ပေးမယ်..."

မိုးသောက် ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။

"အွင်း..!!.."

မိုးသောက် AD university မှ ကျောင်းထွက်လက်မှတ် သွားယူရန် ဆုံးဖြတ်လိုက်သည်။ အမှန်တွင် မိုးသောက်၏ Majorမှာ စီးပွားရေး မဟုတ်ဘဲ ဗိသုကာ အထူးပြုဖြစ်သည်။ 

အသေးလေးနှင့် နီးစပ်ချင် သောကြောင့်သာ စီးပွားရေး major သို့ သက်သက်လာတက်နေ ခဲ့ခြင်းဖြစ်သည်။ ယခုမူ မိုးသောက် အသေးလေးကို လက်လျော့လိုက်ပြီ ဖြစ်သောကြောင့် စီးပွားရေး major ကို ဆက်တက်ရန် အကြောင်း မရှိတော့ပေ..။ မိုးသောက် မိမိ ပညာရေးကိုသာ ပြန်အာရုံစိုက်ရန်သာ ဆုံးဖြတ်ထားသည်။

Light မိမိလိုက်ပို့မည်ကို Baby ငြင်းမည်ဟု ထင်ခဲ့သော်လည်း လက်ခံလိုက်သော baby ကြောင့် အမှန်ပင် ပျော်သွားရသည်။ ကားအပြင်အား ငေးကာ တိတ်ဆိတ်နေသော baby အား ကြည့်ရင်း ကား ကိုသာ ဂရုတစိုက် မောင်းလာလိုက်သည်။

 AD university သို့ရောက်သည်နှင့် မိုးသောက် Light အား မိမိ နှင့် မလိုက်ခိုင်းဘဲ ကားထဲတွင်သာ နေခဲ့ခိုင်းလိုက်သည်။ မိုးသောက် Light အား အေးစက်စက်ပင် သတိ ပေး စကား ပြောလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now