Arc-5.23(final)

20.7K 2.2K 115
                                    

(Zawgyi)

Arc-5.23

ရှန်း မှော်နက်ဘုရင် လက်မှလွှတ်ရန် တော်ဝင်ဥယျာဉ်တော်ဘက်သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ် သည်။ သို့သော် အရင်နေ့များကဲ့သို့ အနောက်မှ လိုက်လာခြင်းမရှိသော အေဒီ ကြောင့် ရှန်း အနည်းငယ် ဝမ်းနည်းသွားရသည်။ ရှန်း မိမိကိုယ်ကိုယ်လည်း နားမလည်နိုင် ဖြစ်သွားရသည်။ ဘာလို့ ဝမ်းနည်းသလို ခံစားနေရတာလည်း..။

ထူးဆန်းလွန်းသော ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော ရစ်ဝဲနေသည့် မျက်ဝန်းထဲရှိ အရည် ကြည်များကို မျက်တောင်များ အကူအညီဖြင့် သိမ်းပြစ်လိုက်သည်။

"ရှန်း...!!..အ..အရှင်.."

ရှန်း တစ်ယောက် အတွေးလွန်နေစဉ် နောက်ပါးမှ ကြားလိုက်ရသော အထိန်းတော်ကြီး အသံ ကြောင့် လှည့်ကြည့်လိုက်သည်။ မျက်ဝန်းများ နီရဲနေကာ ချွေးများရွဲနစ်နေပြီး အသက်ပင် မနည်းရှူနေရ သော အထိန်းတော်ကြီး၏ အခြေအနေကြောင့် ရှန်း စိတ်ပူသွားရသည်။ အေဒီများ တစ်ခုခု ဖြစ်လို့ လား..?...။

"အထိန်းတော်ကြီး.. ဘာဖြစ်လို့လဲ.."

အသက်ကိုပင် လုရှူနေရသော အထိန်းတော်ကြီး၏ တုန်ယင်နေသော အသံတိုးတိုးက ထွက်လာ လေသည်။

"အရှင်..အရှင်လေ.."

အထိန်းတော်ကြီး အကြာကြီးတွေးကာ စီထားရသော စကားများကို ပြောရန် မော့ကြည့်လိုက် သောအခါရှန်း ၏ အရိပ်အယောင်ပင် မမြင်ရတော့ချေ..။ အထိန်းတော်ကြီး အလွန်နာကျင်သွားရ သည်။

ငါဒီအတွက်နန်းတော်ကို သုံးပတ်ပတ်ပြေးပြီး အမူအရာတွေ.. စကားတွေ.. ပြင်ဆင်လာရတာ လေ..။ ခုတော့ အရှင်ဘဲ ရှိသေးတယ် ခင်ဗျားက ချက်ချင်းသွားပြီတဲ့လား..!!!...။

အထိန်းတော်ကြီး နာကျင်ခြင်း မျက်ရည်များကို ခပ်ဖွဖွသုတ်ကာ ထိုနေရာမှ ထွက်လာခဲ့သည်။ သောက် rs တွေ မီဝေါ့~စ်~!!!..။

ရှန်း အလွန်စိုးရိမ်လာသောကြောင့် အထိန်းတော်ကြီး စကား မဆုံးသေးခင်ပင် ပြေးထွက်လာခဲ့ သည်။ အဆောင်ရှေ့သို့ ရောက်သောအခါ မီးရောင်ပင် မမြင်ရသော မှောင်မိုက်နေသည့် အဆောင် ကြောင့် ပိုမိုစိုးရိမ်သွားရသည်။

Second Chance(System) [Completed]Where stories live. Discover now