Arc-2.11

26.8K 2.6K 31
                                    

(Zawgyi)

Arc-2.11

ထိုအဖြစ်ပျက်များဖြစ်ပြီး ရလဒ်အနေဖြင့် Leo သည် ဝသန် ဘယ်သွားသွား အနောက်က တကောက်ကောက် လိုက်နေတော့သည်။ Leo မအားသော အချိန်များတွင် bro-con များက အလှည့်ကျ နောက်မှ လိုက်ကြသည်။

ဝသန် အိမ်သာပင် ကြာကြာမသွားရဲ ဝင်လိုက်လာမှာ ဆိုး၍ပင်။ မိမိအား အလွန်စိတ်ပူကြကြောင်း သိသောကြောင့် ဝသန် အနေကြပ်သော်လည်း မတားဖြစ်တော့..။ စားချိန်၊ သောက်ချိန်၊ အိပ်ချိန်များကို လည်း Leo ဆွဲပေးထားသော အချိန်စာရင်းအတိုင်း တသွေမတိမ်း လိုက်လုပ်ရသည်။ ဝသန် ဘဝက ဘော်ဒါဆောင် ဝင်နေရသလိုလို ဘာလိုလို...။

ယခုဆိုလျှင် ဝသန် တွင် ပါးဖောင်းဖောင်းလေးတွေပင် ရှိလာပြီ ဖြစ်သည်။ ဝသန်နှင့် ချစ်သူ ဖြစ်ပြီး

နောက်ပိုင်း Leo သည် ပို၍အဖြစ်သည်းလာသည်။ တစ်ခါတစ်လေ ဝသန် ထင်မိသည်။ လေးဘက်သွား တတ်စ ကလေးများပင် မိမိလောက် အဖြစ်အသည်း မခံရနိုင်..။ မိမိ အား အနှီးနဲ့ ထုပ်မထားသည်ကိုပင် ကျေးဇူးတင်မိသည်။

ဝသန် ရောဂါ သည်လည်း လုံးဝနီးပါး ပျောက်ကင်းနေပြီ ဖြစ်သည်။ ဝသန် လည်း ဈေးကြီးလွန်း သော ဖြေဆေးကို နှစ်ခါ သောက်ပြီးပြီ ဖြစ်သည်။

Doctor များပင် အလွန် အံ့သြနေကြသည်။ အမှန်မှာ အသက်ရှင်နိုင်သော်လည်း တစ်ဘဝလုံး ကျန်းမာရေး ချူချာစွာ နေရမည် ဖြစ်သည်။ သို့သော် ဝသန်က ထူးထူး ဆီက ဖြေဆေး ဝယ်သောက် ထားသောကြောင့် အခြေအနေမှာ မယုံနိုင်ဖွယ် တိုးတက်လာခဲ့သည်။ ဒါတောင် ရောဂါပျောက်ရန် ၄လ ခန့် အချိန်ယူလိုက်ရသည်။

ဝသန် ဆွဲကြိုးလေး၏ လျို့ဝှက်ချက်ကို Leo အား ပြောပြလိုက်သည်။ လူသားများ အန္တရယ်ကင်းဖို့ အတွက် Queen အား ရှင်းရန် အစီအစဉ်ဆွဲပြီးဖြစ်သည်။ ဝသန့် စိတ်နှင့်သာဆိုပါက မြန်မြန်သာ အပြတ် ဖြတ်ချင်သည်။ Queen ကို ရှင်းပြီးလျှင် မျိုးစပ်မှုများ ရပ်တန့်သွားမည် ဆိုသော်လည်း မျိုးစပ်ပြီးသား အကောင်များကိုတော့ ရှင်းလင်းရန် အစီအစဉ်များ လုပ်ရဦးမည် ဖြစ်သည်။

သို့သော် Leo က သွားဖို့ အစီအစဉ်အား ရွေ့ဆိုင်းထားခြင်း ဖြစ်သည်။ မိမိ နေမကောင်းမခြင်း သွား ခွင့်မပြုဟူသော အမိန့်အောက် ဝသန် တတ်နိုင်သည်က နှုတ်ခမ်းထော်ကာ မကျေနပ်ကြောင်းပြယုံ သာ..။ ဝသန် ဆုံးဖြတ်ထားသည် ဒီနေ့တော့ ရအောင်ကို ပြောမည်။

Second Chance(System) [Completed]Where stories live. Discover now