Arc-2.13(Final)

28.3K 2.9K 197
                                    

(Zawgyi)

Arc-2.13

အပြင်က ဆူညံသံတွေကြောင့် ဝသန် လန့်နိုးလာသည်။ ဝသန် ရောက်ရှိနေသော နေရာအား ကြည့် လိုက်တော့...။

"အာ...စခန်းပြန်ရောက်နေပြီဘဲ.."

ထိုစဉ် အခန်းထဲဝင်လာသော Leo..။

"Oh...အကောင်ပေါက်လေး သတိရလာပြီလား.."

အမေးစကားနှင့်အတူ နဖူးပြင်ပေါ်သို့ ကျလာသော အနမ်းနုနု...။ ဝသန် နဖူးပြင်အား လက်သေး သေးလေး နှင့် အုပ်ပြစ်လိုက်တော့ သဘောတကျ ရီလာသည်။

"Leo အပြင်မှာ အသံတွေကြားနေရတယ် ဘာဖြစ်နေတာလဲ.."

"Party တစ်ခုရှိလို့ပါ.."

"Party..ဘာအတွက်လဲ..."

"အကောင်ပေါက်လေး ၁၈နှစ်ပြည့်မွေးနေ့အတွက်..."

"သြော်....ဟမ်..!!.. ကျွန်တော့် မွေးနေ့.."

ကုတင်ပေါ်တွင် ငုတ်တုတ်လေး အံ့သြနေသော အကောင်ပေါက် အား ဒူးမှပွေ့ချီကာ ပေါင်ပေါ် ဆွဲတင်လိုက်သည်။ အကောင်ပေါက်လေး ၏ ပါးနှစ်ဖက်အား အားရအောင် ရန်ရှာပြီးမှ...။

"ဟုတ်တယ် အကောင်ပေါက်လေး ၁၈ ပြည့်ပြီ။ ကိုယ့်အပိုင် လုပ်လို့ရပြီ။ အဟက်..!!.. ပြောရင်းဆို ရင်း အသည်းယားလာပြန်ပြီကွာ.."

ဝသန့် လည်ပင်းတွင် မျက်နှာအပ်ကာ ရန်ရှာနေပြန်သည်။ Leo ၏ စကားများကြောင့် ဝသန် မျက်နှာမှာ ပေါက်ထွက်တော့မည့်နှယ် ရဲတွတ်နေလေသည်။

"အ့..!!..ခင်ဗျား..မကိုက်နဲ့လေ..။ တော်...တော်တော့...ကျွန်တော် မေးစရာရှိတယ် ဟို..."

"Queen ဆိုရင်တော့ ကိုယ်ရှင်းလိုက်ပြီ..။ Satan တို့ ဆိုရင်တော့ ပျောက်ကွယ်အောင် လုပ်ပြစ် လိုက်ပြီ..။ Mira အကြောင်းဆိုရင်တော့ အကောင်ပေါက်လေး မသိလဲ ရတယ်"

ဝသန် နှုတ်ခမ်းထော်သွားရသည်။

"ခင်ဗျားက အကုန်ပိတ်ပြောတော့ ကျွန်တော် က ဘာသွားမေးရတော့မှာလဲ လို့.."

"ဘာမှမမေးနဲ့တော့ ကိုယ့်ရင်ခွင်ထဲမှာဘဲ ငြိမိငြိမ်လေးနေပေး.."

"ခင်..ခင်ဗျား...အွန်း..!!.."

မွေးနေ့ပွဲ စရန် လာခေါ်သော bro-con 5ယောက်မှာတော့ မျက်ရည်အဝဲသားဖြင့် ပြန်ထွက်သွား ကြလေသည်။

Second Chance(System) [Completed]Where stories live. Discover now