Arc-4.1

31.5K 2.7K 221
                                    

(Zawgyi)

Arc-4.1

ဒီတစ်ခါ ဇာတ်ကြောင်းက သမန်းကျားမျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုကြား အချစ်ဇာတ်လမ်း ဖြစ်သည်...။

လူသူအရောက်အပေါက်နည်းသော တောနက်ကြီး ၏ တစ်နေရာ...။ ထိုနေရာတွင် အလွန်တရာ ကြီးကာ လှပသော ရေတံခွန်ကြီးတစ်ခု တည်ရှိသည်။ 

မည်သူမှ မသိသည်က သဘာဝအလျောက် ဖြစ် တည်နေသော ထိုရေတံခွန်ကြီး၏ အနောက်တွင် ထူးဆန်းသော မျိုးနွယ်စုတစ်ခု နေထိုင်ရာ နန်းတော် ကြီးတစ်ခု ရှိသည်ကိုပင်...။ ထိုနန်းတော်ကြီးတွင် နေထိုင်သောသူများသည် လူပုံစံမှ ကျားပုံစံသို့ ပြောင်း လဲနိုင်သော သမန်းကျားမျိုးနွယ်စုများ ဖြစ်သည်...။

သမန်းကျား မျိုးနွယ်စုများသည် လူသားမျိုးနွယ်နှင့် မပတ်သတ်ဘဲ သီးခြားနေထိုင်သော မျိုးနွယ်စု ဖြစ်သည်...။ ဇာတ်လိုက် နာမည်က မင်းမဟော် ဖြစ်ကာ သမန်းကျား မျိုးနွယ်စု၏ ဆက်ခံသူ ဖြစ်သည့် အပြင် မျိုးနွယ်စုတွင် အားထားရသော စွမ်းအားအကြီးဆုံး သမန်းကျား တစ်ကောင်လည်း ဖြစ်သည်။

ဖန်တရာတေနေသော ဇာတ်ကြောင်းများလိုပင် မင်းမဟော်သည် တောထဲတွင် အမဲလိုက်ထွက် ရင်း တောကြီးမျက်မည်းထဲတွင် လမ်းပျောက်နေသော ဇာတ်လိုက် ဖြစ်သော လူသားကောင်လေး ရှိန်းနွေနှင့် တွေ့လေသည်...။ ဟုတ်ပါသည် ကောင်လေးနှစ်ယောက် ကြားမှ ဇာတ်လမ်းလေး ဖြစ်သည်။

ရက်စက်ပြတ်သားသော မင်းမဟော်သည် နူးညံ့သိမ်မွေ့သော လူသားလေး ရှိန်းနွေကို စိတ်ဝင်စား သွားလေသည်...။ ထို့ကြောင့် ဒဏ်ရာရထားသော ရှိန်းနွေကို ကယ်တင်ကာ ကူညီပေးလေသည်...။ ရှိန်းနွေ ကတော့ ဇာတ်ကားများ၏ ထုံးစံအတိုင်းပင် မင်းမဟော် က သမန်းကျား ဆိုတာ မသိချေ...။

တဖြည်းဖြည်း မင်းမဟော်နှင့် ရှိန်းနွေတို့ ချစ်ကြိုက်သွားသော အချိန်တွင် ချစ်သူ နှစ်ဦးအကြောင်း ကို သမန်းကျား မျိုးနွယ်စုက သိသွားကာ လက်မခံကြပေ...။ သတင်းပေးလိုက်သူမှာ မင်းမဟော်နှင့် ငယ်စဉ်ထဲက စေ့စပ်ထားသော စစ်တလင်း ဆိုသူဖြစ်သည်...။

Second Chance(System) [Completed]Where stories live. Discover now