Arc-6.5(Testing Life 1)

21.4K 2.3K 73
                                    

(Zawgyi)

Arc-6.5

M မျက်နှာပေါ်ရှိ အပြုံးများအဆုံးမသတ်တော့ပေ..။ ကိုကိုက တွေ့ဖို့ခေါ်တယ်တဲ့။ ကိုကိုက M ရဲ့အချစ်ဦး..။ ကိုကို့ ကို M ဘဲပိုင်ရမယ်..။ ကိုကိုနှင့် M သည် သွေးသားမတော်စပ်ကြောင်း M သိ သည်..။ 

ထိုအကြောင်းကို မိမိသိကြောင်း ကွယ်လွန်သွားသော မွေးစားမိဘများပင် မသိကြ..။ ထို အကြောင်းအား M မတော်တစ်စကြားခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် M အလွန်ဝမ်းနည်းခဲ့သော်လည်း M သေချာစဉ်းစားကြည့်သောအခါ ထိုအချက် ကပင် M အတွက် ဘုရားကပေးသော အခွင့်အရေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် M ကိုကို Z အား ပိုင်ဆိုင်ချင်စိတ်များ ဝင်လာရသောကြောင့်ဖြစ်သည်။

အခြားသူများပေါ်တွင် အေးစက်သော်လည်း မိမိအား အစစအရာရာ ဖြည့်ဆည်းပေးတတ် သော Z သည် M အတွက်တော့ မရှိမဖြစ်လိုအပ်သော M တစ်ယောက်တည်းသာ ပိုင်ဆိုင်ရမည့်သူ ဖြစ်သည်။ ထိုသို့ဖြစ်ရန်လည်း M ရအောင် ဖန်တီးမည်ဖြစ်သည်။

M ကိုကို့အခန်းရှေ့ရောက်သောအခါ မိမိကိုယ်ကိုတစ်ချက်ငုံ့ကြည့်ကာ ကြည့်ကောင်းအောင် သေချာပြန်ပြင်ဆင်လိုက်သည်။ စိတ်တိုင်းကျသွားသောအခါမှသာ အခန်းတံခါးအားတွန်းဖွင့်ကာ ဝင်လိုက်သည်။

ကုတင်ခြေရင်းရှိ ကြီးမားသော အနက်ရောင်ဆိုဖာအရှည်ပေါ်တွင် ခြေတစ်ဖက်ချိတ်ကာ စာ အုပ်တစ်အုပ်အားဖတ်နေသော ကိုကိုသည် M အတွက် လွန်စွာခန့်ညားနေသည်..။ ကိုကို့အား ကြည့် ကာ M နားရွက်ဖျားများပင် နီရဲလာရသည်။ ကိုကိုက ချောလွန်းတယ်..။

Z..M အားတစ်ချက်ကြည့်ကာ လက်ထဲတွင်ကိုင်ထားသော ဖတ်လက်စစာအုပ်အား ချလိုက် သည်။ ထို့နောက် M အားပြောလိုက်သည်။

"ထိုင် M.. ကိုကိုမင်းကို ပြောစရာရှိတယ်..."

M.. ကိုကို့ကို ဆွဲဆောင်မှုရှိစွာပြုံးပြလိုက်ပြီး ဘေးရှိနေရာတွင်ပင် ဝင်ထိုင်လိုက်သည်။

"ဟုတ်ကဲ့..ကိုကို..."

Z တည်ငြိမ်လေးနက်သောမျက်နှာဖြင့် ပြောလိုက်သည်။

"အကောင်ပေါက်လေး အကြောင်းပါ..."

M မျက်နှာ ထိန်းမရအောင်ပျက်သွားရသည်။ တဖြည်းဖြည်းဆိုးဝါးလာသော စိတ်အခြေအနေ အား အပြုံးတစ်ခုဖြင့် ဖုံးကွယ်ကာ မေးလိုက်သည် ။

Second Chance(System) [Completed]Where stories live. Discover now