Arc-6.12(Testing Life 1)

21.4K 2.1K 137
                                    

(Zawgyi)

Arc-6.12

"အဟင်း~!!.ကိုယ့်အပြစ် ကိုယ်သိတယ် ဟုတ်..?.."

Z ၏ ခပ်ရှရှလေသံကြောင့် ဝသန် ကြက်သီးများပင်ထလာရသည်။ ကားပေါ်သို့ ရောက်သည့် တိုင် မိမိအားပွေ့ချီထားဆဲဖြစ်သော Z ကြောင့် ဝသန် ပြောလိုက်သည်။

"ဟို ကျွန်တော့် ဘာသာ ထိုင်မယ်လေ..."

ချက်ချင်းပင် မိမိဆီရောက်လာသော ရေခဲရိုက်အကြည့်များကြောင့် ဝသန် အသံတိတ်သွားရ သည်။ အခြေအနေက တကယ်ကြီးဆိုးနေတာဟ ဘယ်လိုလုပ်ရပါ့..။ ဝသန် အသက်ကို ပြင်းပြင်းရှူ လိုက်ကာ..Z ၏ ပွေ့ဖက်မှုကြားတွင်ပင် လည်ပင်းအားသိုင်းဖက်ကာ Z ၏ ပါးတစ်ဖက်အား ဦး အောင် နမ်းပြစ်လိုက်သည်။ ထို့နောက် Z ရင်ခွင်ထဲ ခေါင်းပြန်တိုးဝင်လိုက်ကာ လေသံတိုးတိုးလေး ဖြင့်ပြောလိုက်သည်..။

"စိတ်မဆိုးပါနဲ့.~."

အကောင်ပေါက်လေး၏ ရုတ်တရက်အပြုအမူကြောင့် Z တစ်ကိုယ်လုံး တောင့်တင်းသွားရ သည်။ မိမိရင်ခွင်ထဲ အတင်းတိုးဝင်ကာ မျက်နှာငယ်လေးလုပ်ပြနေသော ကလေးစုတ်လေးအား တစ်ချက်ကြည့်ကာ ရှေ့ခန်းတွင်ကားမောင်းနေသော Four~!!..အား ပြောလိုက်သည်။

"အရှိန် နှစ်ဆ တင်လိုက်..."

Z အမိန့်ရသည်နှင့် သိသာစွာမြန်လာသာ ကား၏အရှိန်ကြောင့် ဝသန် မျက်ဝန်းများ ပြူးကျယ် သွားရသည်။ မဟုတ်လောက်ပါဘူးနော်..။ မိမိချစ်သူက ဘဝအဆက်ဆက်... စည်းကမ်းလိုက်နာတဲ့ သူလေ။ အသက်မပြည့်သေးသ၍ မိမိအန္တရာယ်ကင်းမှာပါ..။ သေချာတွေးတောပြီးနောက် ဝသန် သက်ပြင်းတစ်ချက်ချကာ စိတ်အေးသွားရသည်။

ဝသန် အတွေးလွန်နေသောကြောင့် Z ၏ မည်းမှောင်နေသောအကြည့်များကိုတော့ မမြင်ခဲ့ ပါချေ..။ ပုံမှန်ထက် အရှိန်နှစ်ဆမြှင့်ထားသောကားကြောင့် ၁၀ မိနစ်ခန့်ကြာသောအခါ Z ပိုင်သော အိမ်တော်သို့ ရောက်လာလေသည်။ 

ယခုအိမ်တော်သည်လည်း C နိုင်ငံရှိ အိမ်တော်ကဲ့သို့ပင် ကြီး ကျယ်ခမ်းနားကာ စနစ်တကျစိုက်ပျိုးထားသော သစ်ပင်ကြီးများကြောင့် တောအုပ်လေးထဲရောက် နေသလိုပင်..။

Second Chance(System) [Completed]Where stories live. Discover now