Arc-8.3(Real Life)

16.6K 1.9K 188
                                    

(Zawgyi)

Arc-8.3

ဆက်လျှံ ညစ်ပေးတူးနေအောင် ဆော့ထားသော အကောင်ပေါက်လေးအား ပွေ့ချီကာ အဆောင် သို့ ပြန်လာခဲ့သည်။ အကောင်ပေါက်လေးအား ရေချိုးပေးရန် အကျများ ချွတ်ပေးလိုက်သည်။ ဆက်လျှံ အကောင်ပေါက်လေးအား ဘောင်းဘီပါ ချွတ်ပေးရန် လုပ်သောအခါ အသည်းအသန် ပြန်ဆွဲထားသော အကောင်ပေါက်..။ အသံစူးစူးလေးဖြင့် ဆက်လျှံ အား ပြောလာသည်က..

"ကိုယ့်ဘာသာ ချိုးမှာ..."

ဆက်လျှံ သူ့ဘောင်းဘီလေးအား လက်ကလေးနှစ်ဖက်ဖြင့် အတင်းကိုင်ထားရင်း အခန်း ထောင့်သို့ ပြေးသွားသော အကောင်ပေါက်ကြောင့် မျက်ခုံးများ ပင့်သွားရသည်။

"အကောင်ပေါက် ကိုယ့်ဘာသာချိုးလို့ အဆင်ပြေမှာ မဟုတ်ဘူး လိမ်မာတယ် လာခဲ့..."

ဝသန် ဆက်လျှံ အပြောအား သဘောမတူသလို ပြန်ပြောပြစ်လိုက်သည်။

"ဘာလို့ အဆင်မပြေရမှာဘဲ ကိုယ့်ဘာသာ ချိုးမှာ..။ ရေလေး ချိုးမှာများ ဘာခက်တာ မှတ်လို့..."

ဆက်လျှံ ဆိုးချင်နေသော ကလေးအား ဖြောင့်ဖျကာ ဆုံးမနေသော လေသံဖြင့် ပြောလိုက်သည်။

"အကောင်ပေါက် မဆိုးရဘူးလေ.. အအေးပတ်တော့မယ်..."

ဝသန် ဆက်လျှံ စကားအား အဖတ်မလုပ်နိုင် ဝသန့် မျက်ဝန်းများသည် အခန်းတစ်ခုလုံးအား လျောက်ကြည့်ကာ ရေချိုးခန်းဖြစ်နိုင်မည့် အခန်းအား ရှာနေခြင်းဖြစ်သည်။ နောက်ဆုံး ရေချိုးခန်း ဖြစ် နိုင်သော အခန်းတစ်ခုအား တွေ့သောကြောင့် ဝသန် ဝမ်းသာအားရဖြင့် ဘောလုံးသေးသေးလေး လှိမ့် သကဲ့သို့ ထိုနေရာအား ပြေးတော့သည်။ဆက်လျှံ ခပ်တိုးတိုး ရေရွတ်ရင်း ခေါင်းသာ ခါမိသည်။

"အကောင်ပေါက်ကတော့ လေ...!!.."

ဆက်လျှံ နူးညံ့သော မွှေးပွ ပုဝါအကြီးကြီး တစ်ထည်အား ယူကာ အကောင်ပေါက်လေး အနောက် မှ လိုက်သွားလိုက်သည်။ အကောင်ပေါက်က အရမ်းဆိုးလာတယ် ဒါပေမယ့် ဆက်လျှံ အတွက်တော့ဆိုးတာလေးကိုက ချစ်စရာကောင်းနေတုန်းဘဲ..။

ဝသန် ရေချိုးခန်းဟု ယူဆရသော အခန်းထဲရောက်သော အခါတွင်မှ သက်ပြင်းချမိသည်။ ဝသန် ခေါင်းလေးငုံ့ကာ ဗိုက်လုံးလုံးလေး ၏ အောက်ပိုင်း တစ်နေရာအား ကြည့်ကာ သက်ပြင်းချလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now