Arc-7.13(Testing Life 2)

17.6K 2.2K 127
                                    

(Zawgyi)

Arc-7.13

ဆက်လျှံ မိမိအား လျစ်လျူရှုကာ မသိချင်ယောင်ဆောင်နေသော အကောင်ပေါက် ကို အသည်း ယား နေမိသည်။ ဆက်လျှံ အား ကိုယ်ပျောက် လူသားအဖြစ် ဆက်ဆံနေကာ တွေ့သမျှ သူတိုင်းအား မျက်ဝန်းများ မှေးမှိတ်အောင် လိုက်ရီပြနေ သေးသည်။

 စိတ်ရှိတိုင်းဆို မိမိကို သဝန်တိုအောင် သက် သက် လုပ်နေသော အကောင်ပေါက်အား အနမ်းကြမ်းများ ပေးပြစ် လိုက်ချင်သော်လည်း စာသင်ခန်း တွင်းမို့ ထိန်းချုပ်နေရသည်။ ထို့ကြောင့် အကောင်ပေါက် အား မည်းမှောင်နေသော အကြည့်များဖြင့် ကြည့်ရန်သာ ဆက်လျှံ တစ်ယောက် တတ်နိုင်သည်။

^^အိမ်တော်ပြန်ရောက်မှ တွေ့မယ်..!!..^^

ဝသန် ဆက်လျှံ ၏ မည်းမှောင်နေသော အကြည့်များအား မသိမသာ လှမ်းကြည့်ကာ လျှို့ဝှက် နတ်ဆိုး ပြုံးအားပြုံးလိုက်သည်။ အဘိုးကြီး အိမ်တော်ပြန်ရောက်ရင် တွေ့မယ်ဆိုတဲ့ ပုံစံကြီးနဲ့ ကြည့်နေ လိုက်တာ အဟက်..!!..အဲ့ဒီမှာ သွေးအန်နေလိုက်...!!!...။

မိမိအား မလှိမ့်တပတ် လုပ်သွားသော အဘိုးကြီး အား ဝသန် မကျေနပ်နိုင်ပါ..။ မိမိ ချစ်သူ၏ သဝန်တိုရာတွင် ပြိုင်ဘက်ကင်းလှသော အကြောင်းအား သိသောကြောင့် ဝသန် ထိုသို့ လုပ်နေခြင်း ဖြစ်သည်။ 

ဝသန် ကိုယ့်အကြံနှင့် ကိုယ် သဘောတကျ ပြုံးနေမိသည်။ နေလည်စာ စားချိန် ဖြစ်သော ကြောင့် ဆက်လျှံအား လျစ်လျူရှုကာ ကျောင်းကန်တင်းသို့သာ ဦးတည်လိုက်သည်။

ဆက်လျှံ အကောင်ပေါက်လေး နောက်သို့ လိုက်ချင်သော်လည်း အရေးကြီး ရှယ်ရာရှင် အစည်း အဝေးသည် မိမိမပါ မဖြစ်ဆိုသောကြောင့်သာ။ 

အကောင်ပေါက် ကိုပါ တစ်ခါထဲ ပြန် ခေါ်ချင်သော် လည်း ကောက်တော်မူနေသော အဆိုးလေး မလိုက်မည်မှာ သေချာသောကြောင့် အကောင်ပေါက်လေး အား message ပို့ကာ company သို့သာ ထွက်လာခဲ့သည်။

ဆက်လျှံ စိတ်ရှိတိုင်း ဆိုပါက အကောင်ပေါက်အား ဖမ်း၍ ပုခုံးပေါ် ထမ်းကာသာ ခေါ်သွားလိုက် ချင်သည်။ ဆက်လျှံ သက်ပြင်းချကာ ကားအတွင်းသို့သာ ဝင်ထိုင်လိုက်သည်။ ဆက်လျှံ ကိုယ်ရံတော် အချို့ အားထားခဲ့ကာ အမိန့်ပေးလိုက်သည်။

Second Chance(System) [Completed]Where stories live. Discover now