Arc-3.5

28.9K 2.9K 127
                                    

(Zawgyi)

Arc-3.5

တိမ်ယံ ထိုနေ့က အလုပ်ကိစ္စတစ်ခုကြောင့် ဆင်းရဲသား ရပ်ကွက်အနား သို့ရောက် ဖြစ်ခဲ့ခြင်း။ လမ်းချိုးတစ်ခုအရောက်တွင် ကလေးတစ်ယောက် အား ကားဖြင့်တိုက်မိခဲ့သည်။ 

လဲကျသွားသော ထို ကလေးနားသို့ အလွန် ချစ်ဖို့ကောင်းသော ကောင်လေးတစ်ယောက် ပြေးလာကာ အသည်းအသန် မေး မြန်း နေလေသည်။ မိမိ တပည့်တစ်ယောက်မှ သွားအော်ငေါက် သောအခါပြန်ပြောလာသည်က.. "တောင်းပန်..." တဲ့...။

တိမ်ယံ မျက်ခုံးထင်းထင်း များပင့်သွားရသည်။ အကြောက်အလန့် မရှိကွာ ဒီကလေးတော့။

တပည့်ဖြစ်သူမှ ရိုက်ရန် လက်ရွယ်လိုက်သောအခါ တိမ်ယံ ရင်ထဲထိတ်ကနဲဖြစ်ကာ လက်သီးများ ပါ တင်းကနဲ ဆုပ်လိုက် မိသည်။ ဒီကောင်တော့...အကောင်ပေါက်လေး လန့်သွားမှဖြင့်...။

သို့သော် တိမ်ယံ ထင်ထားသည်နှင့် ကွဲလွဲစွာပင် သေချာလေ့ကျင့်ထားသော သူတစ်ဦးအား ချစ်စရာကောင်းသော ကလေးငယ် က မှောက်သွားအောင် ရိုက်ပြစ်လိုက်သည်။ တိမ်ယံ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာရသည်။ ကလေးငယ် က ကြောင်ဆိုးလေး ဘဲ...။

ဒေါသအလွန်ကြီးသော သူလေးက တိမ်ယံ ကားကိုပါ ဂဲနဲ့ထု သွားသေး သည်။ ကမ္ဘာ ပေါ်တွင် ဆယ်စီးသာရှိသော တန်ဖိုးကြီးကားကို ဖျက်စီးသွား ခြင်းဖြစ်သော်လည်း ထူးခြားစွာပင် တိမ်ယံ ဒေါသ မဖြစ်မိ..။ လျော်ကြေး ဆိုကာ ချက်လက်မှတ်တစ်စောင်ပေး သွားသော အကောင်ပေါက်လေးကို ချစ်စရာ ကောင်းသည် ဆိုကာ အသည်းပင် ယားနေမိ သေးသည်။

ဒီလိုအပြုအမူလေးကိုပင် မိမိ နှစ်ပေါင်းများစွာ တောင့်တနေမိသလိုမျိုး ခံစားရသည်။ ကလေး လေး အား ကျောပိုးကာ ထွက်သွားသော ချစ်စရာအကောင်ငယ်လေး ၏ ကျောပြင်က ဘာကြောင့်မှန်း မသိ တိမ်ယံ ကို နာကျင်စေသည်။

 တောင်းပန်ပါတယ် ကျောမခိုင်းလိုက်ပါနဲ့ ဟုပင် တောင်းဆိုချင် လာ သောစိတ်များက တိမ်ယံ အတွက်နားမလည် နိုင်အောင်ပင်..။ တကယ်ဆို ထိုအကောင်ငယ်လေး အား အခုမှ တွေ့ဖူးသည်မလား...။

Second Chance(System) [Completed]Where stories live. Discover now