Arc-7.8(Testing Life 2)

19.8K 2.1K 98
                                    

(Zawgyi)

Arc-7.8

ဝသန် ရေချိုးbath ထဲတွင် မျက်ဝန်းများ မှေးမှိတ်ထားသော သားရဲကြီး၏ ရင်ခွင်ထဲ ထည့်ကာ ပွေ့ပိုက်ထားမှုကြား ငြိမ်သက်နေရသည်။ ခါးမှဖက်ထားသော လက်တစ်ဖက်၏ လှုပ်ရှားလာမှုကြောင့် ဝသန်ကိုယ်လေး တောင့်သွားရသည်။ 

ဆက်လျှံ အကောင်ပေါက်လေး ၏ ခါးမှလက်အား အနည်းငယ် အားထည့်ကာ အကောင်ပေါက်အား မိမိကိုယ်နှင့် ပိုမိုကပ် စေလိုက်သည်။ ပိုမိုနီရဲလာသော နားရွက်ဖျား လေးအား အသာငုံထွေးကာ ကိုက်လိုက်တော့။

"ဆက်လျှံ..!!!.."

ဆက်လျှံ အကောင်ပေါက်၏ ပခုံးသားလေးတစ်လျောက် အမှတ်နီနီများပေးနေရင်း ပြန် ဖြေလိုက် သည်။

"အင်း..!!.."

လည်တိုင်နားတွင် ဖြတ်ပြေးနေသော ဆက်လျှံ ၏ အသက်ရှူငွေ့နွေးနွေးကြောင့် ဝသန် ကိုယ်လေး

တွန့်သွားရသည်။

"ငါ ချမ်းနေပြီလို့..!!.."

ဆက်လျှံ ၏ နယ်မြေချဲ့နေသော အနမ်းများ ရပ်တန့်သွားရသည်။

"အင်း..အကောင်ပေါက်လေး ဖျားလို့ မဖြစ်ဘူး..!!.."

အချိန်တွေ..ရှိပါသေးတယ်..!!..။ ဆက်လျှံ ဖြစ်ပေါ်နေသော စိတ်ရိုင်းများကို ထိန်းချုပ်လိုက်ကာ အဝတ်မဲ့နေသော ကိုယ်လေးကို ပွေ့ပိုက်လျက်ပင် bath ထဲမှ ထရပ်လိုက်သည်။ 

ဆက်လျှံ အကောင်ပေါက်လေး ၏ ကိုယ်နှင့် ဆံပင်ပျော့ပျော့လေးများအား ရေသေချာ သုတ်ပေးကာ ဖျားမည် ဆိုးသောကြောင့် ဆွယ်တာအကျ ထူထူတစ်ထည်နှင့် အစင်းသုံးကြောင်း ဘောင်းဘီလေးကိုသာ ဝတ် ဆင်ပေး လိုက်သည်။

မိမိကို ဂရုတစိုက်လုပ်ပေးနေသော ဆက်လျှံ ကိုကြည့်ရင်း ဝသန့် သည်းခံနိုင်စွမ်းကုန် သွားရသည်။ ဝသန် ဒေါသတကြီး ပြောပြစ်လိုက်သည်..။

"အဝတ်သွားဝတ်စမ်း..!!..ကပ်ကြေးနဲ့ ညှပ်မိအောင် မလုပ်နဲ့ ..."

"အာ..!!..ရက်စက်လိုက်တာကွာ.."

ဆက်လျှံ အမှန်တကယ် နာကျင်သွားရသကဲ့သို့ ရင်ဘက်ကလေးအားဖိကာ ငိုမဲ့မဲ့ဖြင့် ပြော လိုက်သည်..။

Second Chance(System) [Completed]Where stories live. Discover now