Arc-2.7

30.3K 3K 74
                                    

(Zawgyi)

Arc-2

Leo ပြသနာစဖြစ်ကတည်းက ရင်ခွင်ထဲက ကလေးလေးကိုသာ တစိမ့်စိမ့်ကြည့်နေခြင်း ဖြစ်သည်။ ပြသနာလား...ဘာအရေးလဲ...။ အကောင်ပေါက်ကို ကြည့်နေရဖို့က အရေးကြီးတာပေါ့။ ကျန်တာလား.. No... ပါ။

ဖြေရှင်းချက်ထုတ်နေသော အကောင်ပေါက်လေး၏ နှုတ်ခမ်းဖူးဖူးလေးများ ရွေ့လျားသွားပုံက Leo အတွက်တော့ ကမ္ဘာ့အကောင်းဆုံး စိတ်ဝင်စားစရာလေးပင်။ အိစက်နေမည်မှာ သေချာသည့် နီနီ ရဲရဲ နှုတ်ခမ်းပိစိအား အတော်ပင် အသည်းယားနေပြီ ဖြစ်သည်။ Leo ဆွဲဆတ်ကာသာ နမ်းပြစ်လိုက်လို့ ကတော့ သေချာသည် အော်ငိုပေလိမ့်မည်။

Leo အကောင်ပေါက်လေးအား စူးစိုက်ကာ ကြည့်နေစဉ်မှာပင် မျက်ဝန်းနက်နက်ကလေးများမှ မျက်ရည်ကြည်များ ကျဆင်းလာမှုကြောင့် Leo မျက်ခုံးတန်းတန်းများ တွန့်ကွေးသွားရသည်။ တစ်ခဏ သာ ဖြစ်သောကြောင့် မည်သူမျှ သတိမထားမိကြ..။

"ခေါင်းဆောင် ကျွန်မအတွက် တရားမျှတအောင် လုပ်ပေးပါရှင်..။ ကျွန်မ...ကျွန်မ မတရားစွပ်စွဲခံ ရတာပါ.."

Leo အကောင်ပေါက်လေး ပါးပြင်ထက်မှ မျက်ရည်စလေးများကို သုတ်ပေးရန် လက်လှမ်းနေစဉ် ထွက်ပေါ်လာသော အသံကြောင့် ကြည့်လိုက်တော့ Mira..။ ဪ... အကောင်ပေါက်လေးကို ငိုစေတာ သူမပေါ့လေ။ မျက်နှာတွင်သာ မတရားခံရမှုကြောင့် ဝမ်းနည်းနေဟန်ပေါ်သော်လည်း မောက်မာထောင် လွှားကာ အယုံကြည်လွန်နေမှုများက မျက်လုံးများတွင် အထင်းသား..။ အခြားယောက်ျားများကဲ့သို့ သူမ ၏ အလှတွင် မြောပါမည်ဟု တွက်စထားသော မျက်ဝန်းများက Leo အတွက် စိတ်ပျက်မှုသာ ဖြစ်စေ သည်။ သူမ ပုံစံသည် မိမိအတွက် အကောင်ပေါက်လေး၏ ဆံစလေးတစ်စလောက်ပင် အရေးမပါ...။

Leo သွေးရောင်လွှမ်းသော နှုတ်ခမ်းတစ်စုံအား အနည်းငယ် ဖွင့်ဟစေလိုက်ရင်း..။

"Oh...ကိုယ် ဆုံးဖြတ်ပေးရမယ်ပေါ့။ ကောင်းပြီလေ"

Leo ရင်ခွင်ထဲမှ ကလေးငယ်ကိုလဲ ငုံ့ကြည့်ကာ မေးလိုက်သည်။

"Jack...မင်းရော ကိုယ်ဆုံးဖြတ်ပေးမှာ..လက်ခံလား?.."

မျက်ဝန်း တောက်တောက်လေးများဖြင့် မော့ကြည့်လာသော အကောင်ပေါက်လေး ပြန်ဖြေလာ သည်က ခင်ဗျားသာ တရားမျှတစွာ ဆုံးဖြတ်ရင် လက်ခံတယ်..တဲ့..။ အပြောနှင့်အတူ မိမိ ဘက်လိုက် မည်အား ဆိုးနေသော အကောင်ပေါက်လေးက ဘက်လိုက်ရဲလိုက်ကြည့် ဟူသော သတိပေးချက်များ ပါသော အကြည့်များဖြင့် ကြည့်လာသည်မှာ အစွယ်ပိစိလေးဖြင့် ဖြဲခြောက်ပြနေသော ခွေးပေါက်လေး လိုပင်..။ အသည်းယားစရာ ကောင်းလွန်းသည်..။

Second Chance(System) [Completed]Where stories live. Discover now