Arc-5.14

19.7K 2.4K 353
                                    

(Zawgyi)

Arc-5.14

"မင်းက ယန်လေးဆိုတာလား...?..။ အဲ့ဒီပုဝါပိုင်ရှင် ရှိတဲ့နေရာကို ငါခေါ်သွားပေးနိုင်တယ်..."

ရိုင်ယန် ရင်တွင်းထိတ်သွားရသည်။

"ပါးပါး ဘယ်မှာလဲ...?..."

ထိုသူသည် ရိုင်ယန်အား တစ်ချက်စူးစိုက်ကြည့်ကာ...

"ငါ့နောက်လိုက်ခဲ့..."

စကားဆုံးသည်နှင့် ထိုသူသည် အမှောင်ထဲသို့ လျင်မြန်စွာတိုးဝင် ပျောက်ကွယ်သွားလေသည်။ ရိုင်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။

^^အရိပ် စွမ်းအားရှင်...?..^^

အရိပ်စွမ်အားရှင်များသည် အလွန်အန္တရာယ်ကြီးသော သူများဖြစ်ပြီး အမှောင်ထဲတွင်သာ နေထိုင် လေ့ရှိကြသည်။ သူတို့ဆန္ဒမရှိပါက မည်သူမှမတွေ့နိုင်..။ ဒီလိုသူမျိုးကို ထိန်းချုပ်နိုင်သောသူသည် ပို၍ ပင် အန္တရာယ်များပေလိမ့်မည်။

ရိုင်ယန် ပါးပါး အတွက် စိုးရိမ်စိတ်များ ပိုများလာသောကြောင့် ထိုသူနောက်သို့ အလျင်အမြန် လိုက်ရန်ပြင်လိုက်သည်။ ထိုသူ ဦးတည်ရာနေရာအား ကြည့်လိုက်သောအခါ... နန်းတော်..။ ပါးပါး က မှော်နက်ဘုရင်ဆီမှာလား..။

ထိုသူသည် အလွန်ကြီးမားသော အဆောင်တစ်ခုရှေ့ရောက်သောအခါ ရိုင်ယန် အား ခံစားချက် ကင်းမဲ့နေသော မျက်ဝန်းသေများဖြင့် တစ်ချက်ကြည့်ကာ ပြောလာသည်..။

"ဒီအဆောင်..!!.."

ထိုစကားပြောပြီးသည်နှင့် အမှောင်ထဲ ပြန်လည်ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။ ရိုင်ယန် ထိုသူညွှန်ပြသောအဆောင်အား ကြည့်လိုက်သောအခါဘုရင့်အိပ်ဆောင် တစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည်။ ခမည်းတော်နှင့် မယ်တော်တို့၏ ပုံရိပ်များကို ပြန်မြင်လာရသောကြောင့် လက်သီးကို တင်းတင်းဆုပ်ကာ ကတိပေးလိုက်သည်။

^^စိတ်မပူပါနဲ့ ခမည်းတော်နဲ့ မယ်တော်တို့အတွက် တရားမျှတမှုကို ယန်လေး ရအောင် ရှာပေး မယ်...^^

အဆောင်တော်တွင်းမှ အေးဆေးစွာထွက်လာသော မှော်နက်ဘုရင်..။ တည်ကြည်သော ရုပ်ရည်ရှိ ကာ ထင်ရှားနေသာ မျက်ခုံးတန်းများ၊ အဖြူရောင်ဆံပင်များကို အပြောင်သိမ်းထားကာ စူးရှသော မျက်ဝန်းများက ရိုင်ယန်အား စူးစိုက်ကြည့်ကာ အကဲခတ်နေသည်။ထို့နောက် ရာဇမာန်ပါသော အသံဖြင့် ရိုင်ယန်အား ပြောလာသည်။

Second Chance(System) [Completed]Donde viven las historias. Descúbrelo ahora