Arc-7.7(Testing Life 2)

19.8K 2.2K 262
                                    

(Zawgyi)

Arc-7.7

ဆက်လျှံ မိမိ ကျောင်းရောက်သည့်တိုင် ရောက်မလာသေးသော အကောင်ပေါက် ကြောင့် အလွန် စိတ်ပူနေရသည်။ အကောင်ပေါက်လေး တစ်ခုခုများ ဖြစ်နေတာလား..!!..။ 

ဆက်လျှံ အတွေးများဖြင့် ရုတ်ရက်ခတ်နေစဉ် ကျောင်းပေါက်ဝအနီးနားတွင် ရပ်လာသော ကားတစ်စီး..။ ပုံမှန်ဆို ဆက်လျှံ အတွက် စိတ်ဝင်စားစရာ မရှိသော်လည်း အကောင်ပေါက် ထိုကားပေါ်မှ ဆင်းလာသောအခါ ဆက်လျှံ ၏ မျက်ဝန်းများ မှေးကျဉ်းသွားရသည်။

မိမိကလေးငယ်ကို ကားတံခါးဖွင့်ပေးသည့်အပြင် ခါးကိုပါ ထိန်းကိုင်ထားသော သူကြောင့် ဆက်လျှံ မျက်ဝန်းများ အမှန်ပင် အေးစက်သွားရသည်။ အကောင်ပေါက်လေး အား ခေါ်လိုက်သည်...။

"အကောင်ပေါက်..!!.."

သို့သော် မိမိ အသံအား ကြားသည်နှင့် ငိုမဲ့မဲ့ဖြင့်လှည့်ကြည့်လာကာ သူ့အားလာခေါ် ရန် အချက်ပြ နေသော အကောင်ပေါက်လေး။ မိမိဆီ ဆန့်တန်းလာသော လက်သေးသေးလေးနှင့် ခြေထောက် တစ်ဖက်ပေါ်မှ ပတ်တီးများကြောင့် ဆက်လျှံ ၏ စိုးရိမ်မှုရေမှတ် ဆူပွက်လာ ရသည်။

"ထိခိုက်မိထားတယ်~!!!..ဘာဖြစ်လာတာလဲ အကောင်ပေါက်..!!.."

"ဟို စက်ဘီး လှဲတာ...!!.."

အကောင်ပေါက်လေး၏ ငိုမဲ့မဲ့အဖြေကြောင့် ဆက်လျှံ ပိုစိတ်မကောင်း ဖြစ်သွားရသည်။ အသုံး မကျသော မိမိကိုယ်ကိုသာ စိတ်ပျက်မိသည်။ 

အကောင်ပေါက်လေး မိမိရင်ခွင်ထဲမှ ထသွားသည်ကိုပင် မသိလိုက်။ Company ကိစ္စများကြောင့် ဒီရက်ပိုင်း ဆက်လျှံ မအိပ်ရသည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့်ပင် မနက်က အိပ်ပျော်သွားမိခြင်း။

^^ငါအသုံးမကျလို့ ဒီထက်ပို ဂရုစိုက်ခဲ့ရမှာ။ အခုတော့ အကောင်ပေါက်လေး ထိခိုက် ရ ပြီ...!!..^^

ဆက်လျှံ မိမိ ကိုယ်ကိုသာ မချိတင်ကဲ ရေရွတ်လိုက်မိသည်။

"ဟာကွာ...!!.."

ဆက်လျှံ အကောင်ပေါက်ကို ထိကိုင်တွဲကူထားသူအား ကြည့်လိုက်တော့ မိုးသောက်။ ဆက်လျှံ မျက်ဝန်းများတွင် အရောင်တစ်မျိုး ဖြတ်ပြေးသွားရသည်။ 

Second Chance(System) [Completed]Where stories live. Discover now