Arc-7.19(Testing Life 2)

16K 2K 182
                                    

(Zawgyi)

Arc-7.19

"အဟက်..!!!..ကိုယ် ကလဲ့စားချေပြီးမှ လွှတ်မှာ..."

နားနားကပ်ကာ ပြောလာသော Light ၏ အသံခပ်ရှရှနှင့် လည်တိုင်သို့ လာရောက် ရိုက်ခတ်နေ သော လေငွေ့နွေးနွေးများကြောင့် မိုးသောက် မျက်ဝန်းများ ပြူးကျယ်လာရကာ မိုးသောက် ၏ ကိုယ် လုံး သေးသေးလေးပင် တုန်သွားရသည်။

"Li..Light...!!!.."

မိုးသောက် လည်တိုင်ဖြူဖြူလေးအား သူ့၏ နှာတံချွန်ချွန်များနှင့် မထိတထိ ပွတ်ဆွဲနေသော Light သူ၏ မျက်ဝန်းများ မှေးမှိတ်ထားလျက်ပင် ဖြေလာသည်။

"အင်း...!!!.."

"လွှတ်...လွှတ်ဦးလေ...!!!.."

"မလွှတ်ချင်ပါဘူး..."

Light အပြောနှင့်အတူ မိုးသောက် လည်တိုင်ဖြူဖြူလေးတွင် နှုတ်ခမ်းများ ထိကပ်စေလိုက်သည်။ ရုတ်တရုက် လည်ပင်းအား ထိကပ်လာသော ခပ်နွေးနွေး အထိအတွေ့ကြောင့် မိုးသောက် အလန့် တကြား ရုန်းကန်မိတော့သည်။

Light သည် မိုးသောက်အား လွှတ်လပ်စွာ ရုန်းကန်ခွင့် ပေးထားသော်လည်း နောက်မှ ချုပ်ကာ ဖက်တွယ်ထားသော Light ၏ သန်မာလှသော လက်မောင်းများကြားမှ မိုးသောက် မလွတ်မြောက်နိုင်..။

"မရုန်းနဲ့..."

Light ၏ စကားသံ ထွက်ပေါ်လာသည်နှင့် မိုးသောက် ခန္ဓာကိုယ်သည် အသားကျနေသကဲ့သို့ ငြိမ် ကျ သွားရသည်။

Light စကားနားထောင်သော Baby ကိုယ်လေးအား ပိုမို တင်းကြပ်စွာ ဖက်ပြစ်လိုက်သည်။ Light နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားရကာ လိမ္မာသော ကလေးတစ်ယောက်အား ချီးကျူးသော လေသံမျိုးဖြင့် ပြောလိုက်သည်။

"လိမ္မာတယ်...."

မိုးသောက် Light စကားအတိုင်း လိုက်လုပ်နေမိသော မိမိကိုယ်ကို အံ့သြနေရသည်။ ငါဘာလို့ သူပြောတိုင်း လျောက်လုပ်နေရတာလဲဟ..။ ဒါကြီးက သောက်ကျိုးနည်း လွဲနေသလိုဘဲ... မိုးသောက် အတွေးများဖြင့် ရုတ်ရက်ခတ်နေစဉ် Light ၏ ခပ်ရှရှ အသံကြောင့် မိုးသောက် စိတ်များ လက်တွေ့ အခြေအနေဆီသို့ ပြန်ရောက်လာရသည်။

Second Chance(System) [Completed]Where stories live. Discover now