(Zawgyi)
Arc-6.24
Z အား ကြည့်လာသော အကောင်ပေါက်လေး၏ အနက်ရောင် မျက်ဝန်းတောက်တောက်လေး များ..။ Z အခုမှပင် ရီနိုင်တော့သည်..။ ဒီ မျက်ဝန်းလေးတွေကို လွမ်းနေခဲ့ရတာ မလား...!!!...။
"ကိုယ့် အကောင်ပေါက်လေး သတိရလာပြီ..."
သို့သော် ရှုတည်တည်ကြည့်ကာ မျက်စောင်းခဲနေသော အကောင်ပေါက်ကြောင့် Z ချောင်းအသာ ဟမ့် လိုက်ရသည်။
"အဟမ်း..~!!..အကောင်ပေါက်လေး ဘယ်နား နာနေသေးလဲ.."
ဝသန် Z အား ကြည့်ကာ အေးစက်စက်ပြောလိုက်သည်။
"ခင်ဗျား အတော်သေချင်နေတာလား.."
Z စကားအား ပြန်ပင်ဖြေမလာဘဲ မျက်စောင်းထိုးကာ မျက်နှာတစ်ဖက် လွှဲသွားသော အကောင် ပေါက်..။ အကောင်ပေါက် ၏ ရွှေစိတ်တော် မညိုးစေရန် Z အမြန်ပင် ချော့ရတော့သည်။
"မဟုတ်တာကွာ.. မသေချင်ပါဘူး ချစ်ဇနီးလေးနားမှာဘဲ နေမှာ..."
မျက်နှာလွှဲထားကာ မိမိအား မသိချင်ယောင်ဆောင်နေသော အကောင်ပေါက်လေး၏ နီရဲနေသော နားရွက်ထိပ်လေးများကြောင့် Z သဘောတကျရီမိတော့..။
"ဘာရီတာလဲ ခင်ဗျားက ဟွန့်~!!.."
"မရီပါဘူးဗျာ..."
"ကျွန်တော် နေကောင်းသွားမှ ခင်ဗျားနဲ့တွေ့မယ်..ဟွန့်~!!..ခုတော့ လှုပ်လို့မရသေးလို့.."
Z ခပ်ပြုံးပြုံးပင် ပြန်ပြောလိုက်သည်။
"Ok ကိုယ်ရေချိုးပြီး စောင့်နေမယ်..."
"Z~!!!!..."
"ဟား~!!!...ကိုယ့် အကောင်ပေါက်လေးက ချစ်ဖို့ကောင်းလိုက်တာကွာ.."
ဝသန်...Z အား မေးလိုက်သည်။
"Z...M ရော..?!.."
Z မျက်နှာပျက်သွားရသည်။
"ဘာဖြစ်လို့မေးတာလဲ.. ကိုယ့်ကျန်းမာရေးဘဲ ကိုယ်ဂရုစိုက်ပါ အကောင်ပေါက်ရာ..."
ဝသန်...Z ၏ မျက်ဝန်းများထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
"အခွင့်အရေး တစ်ခု ပေးလိုက်ပါ Z.."
"ဒါပေမယ့်..."
ဝသန် မိမိလက်အားဆုပ်ကိုင်ထားသော Z ၏ လက်ဖဝါးကြီးတစ်ဖက်ကို ပြန်လည် ဆုပ်ကိုင်လိုက်ကာ...
YOU ARE READING
Second Chance(System) [Completed]
General Fiction#(Both Zawgyi And Unicode) Story Description (Zawgyi) မင်းရဲ့....ဘဝအဆုံးသတ်ချိန်မှာ.... မင်းကို...ကိုယ်က...ဒုတိယအခွင့်အရေး ပေးခဲ့မယ်ဆိုရင်ရော~~~~ ကြိုပြောချင်တာက လူတိုင်းရနိုင်တာတော့ မဟုတ်ဘူးနော်။ "မျက်ဝန်းနက်နက်လေးတွေ က...