Arc-5.1

31.5K 2.6K 209
                                    

(Zawgyi)

Arc-5.1

ဇိုင်းလော်ရယ် လို့ခေါ်သော ကမ္ဘာတစ်ခု။ မြေကမ္ဘာနှင့် ဆက်နွယ်ချင်းမရှိသောနေရာ ဖြစ်သည်။ သို့သော် မြေကမ္ဘာနှင့်တည်ဆောက်ပုံ ဆင်တူသည်။ စကြဝဠာကြီး၏ တစ်နေရာတွင် တည်ရှိပြီး ထိုကမ္ဘာ တွင် နေထိုင်သောသူများမှာ ကွဲပြားသော မှော်စွမ်းအင်များကို ကိုယ်ဆီ ပိုင်ဆိုင်ကြသည်။

ဧကရာဇ်အုပ်ချုပ်သော အုပ်ချုပ်မှုပုံစံဖြစ်ကာ ကမ္ဘာမြေ၏ သိပ္ပံခေတ်နှင့် အနည်းငယ် ဆင်တူသည်။ မှော်စွမ်းအင်များသည် အကြမ်းအားဖြင့် ရေ..လေ..မြေ..မီး ..ကဲ့သို့ သဘာဝတရားပေါ် အခြေခံကြသည်။ မှော်နက်ပညာရှင်များနှင့် အဖြူရောင် မှော်ပညာရှင်များဟု နှစ်မျိုးခွဲနိုင်သည်။

ဇိုင်းလော်ရယ်ကမ္ဘာ၏ ဧကရာဇ်မှာ ဒီယန်ဇိုင်း ဖြစ်သည်။ ဒိုင်နာယာဇိုင်း ဟုခေါ်သော အလွန်ချော မော လှပသော ဧကရီတစ်ပါးနှင့် ရိုင်ယန်ဇိုင်း ဟုခေါ်သော ၅နှစ်အရွယ် သားတော်လေး တစ်ပါးရှိသည်။ အေးချမ်းသာယာသော နိုင်ငံတစ်ခုဖြစ်ကာ အရာအားလုံး ငြိမ်းချမ်းနေခဲ့သည် တစ်နေ့မတိုင်ခင်ပေါ့...။

ဤဇာတ်လမ်း အစပြုသောအချိန်မှာ မှော်နက်ပညာရှင်များ စုစည်းကာ တိုင်းပြည်အား တော်လှန် ချိန်တွင် ဖြစ်သည်။ ရုတ်တရက် အလစ်ဝင်တိုင်ခံရမှုကြောင့် အရေးနိမ့်ချိန်တွင် ဧကရာဇ်သည် သားတော် လေးကို မိမိ၏ အချစ်ဆုံးညီတော် နှင့်အတူ ထွက်ပြေး တိမ်းရှောင်စေခဲ့သည်။ ဧကရာဇ်နှင့်ဧကရီ နှစ်ဦး လုံး ကတော့ တိုင်းပြည်အတွက် အဆုံးစွန်ထိ တိုက်ခိုက်ရင်း သေဆုံးခဲ့ကြသည်။

ထိုအချိန်မှစ၍ မင်းသားလေး ရိုင်ယန်ဇိုင်း ၏ ကံဆိုးမှုများ စတင်ခဲ့သည်။ မှော်နက်မျိုးနွယ်မှကျန်ရစ်သူ မင်းသားလေးအား ဖမ်းဆီးမိန့် ထုတ်လိုက်လေသည်။ အမှန်တွင် ဧကရာဇ် ညီတော်ဖြစ်သူ တိမ်ယန်ဇိုင်းသည် တစ်ကိုယ်ကောင်းသမား တစ်ယောက်ဖြစ်ကာ မင်းသားလေးအား လမ်းခုလတ်တွင် စွန့်ပြစ်ကာ လွတ်လမ်းရှာ သွားလေသည်။

မင်းသားလေး ရိုင်ယန်ဇိုင်း သည် ၅နှစ်သာ ရှိသေးသော ကလေးဖြစ်သည်။ ထို့ပြင် မှော်စွမ်းအင် များမှာလည်း မနိုးထသေးပေ..။ ထို့ကြောင့် မင်းသားလေး သည် လမ်းကြိုလမ်းကြားတွင် တောင်းရမ်း စားသောက်သူ ဘဝသို့ ရောက်သွားရသည်။ ညှင်းပန်းနှိပ်စက်မှု များစွာကို ရင်ဆိုင်ခဲ့ရသည်။

Second Chance(System) [Completed]Where stories live. Discover now