Arc-3.14(Final)

27.3K 2.7K 260
                                    

(Zawgyi)

Arc-3.14

မင်းမာန် ဒီတစ်နှစ်အတွင်း အဖြူရောင်လေးကို အကြိမ်ကြိမ် ချစ်ရေးဆိုခဲ့သော်လည်း မိမိအား လက်မခံသေး..။ ထို့ကြောင့် အပိုင်သိမ်းရန် ဤသို့ကြံလိုက်ခြင်း ဖြစ်သည်။

ယခုတော့ မိမိရှေ့ရှိကုတင်ထက်တွင် ငြိမ်းချမ်းစွာအိမ်မောကျနေသော အဖြူရောင်လေးကို မေး ထောက်ကာသာ ငေးကြည့်နေလိုက်သည်..။ မာန မင်းသားလေး နိုးလာသည်နှင့် ပြသနာရှာမည်မှန်း သိ သော်လည်း မတတ် နိုင်..။

အိပ်ပျော်နေသော လူသားလေးမှာ အိပ်နေရင်းပင် ဆွဲဆောင်မှုရှိနေသောကြောင့် မင်းမာန် အဖြူရောင်လေး၏ အပေါ်မှအုပ်မိုးကာ သေချာကြည့်နေမိသည်..။ တဖြည်းဖြည်း မျက်တောင်လေးများ လှုပ်ခတ်ကာ နိုးလာသော မင်းဝသုန် ဆိုသော လူသားလေး..။ မင်းမာန် မျက်တောင်ပင်မခတ်ဘဲ လှပ သော မြင်ကွင်းလေးကို ကြည့်နေမိသည်..။

မင်းဝသုန် Baby Wedding မှအပြန် လူတစ်စု၏ ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ ရုတ်တရက်ဆန် သော အခြေအနေများကြောင့် မင်းဝသုန် ပြန်တိုက်ခိုက်ရန်ပင် အချိန်မရလိုက်...။ စိမ်းရွှင်ရွှင် အနံ့နှင့် အတူ မျက်ဝန်းများ အမှောင်ကျသွားခဲ့ရခြင်း ဖြစ်သည်..။

မင်းဝသုန် နိုးနိုးခြင်း မြင်လိုက်ရသည်က မိမိကို အပေါ်စီးမှအုပ်မိုးကာ ကြည့်နေသော မင်းမာန်...။ နှုတ်ခမ်းတွန့်ယုံ အပြုံးတစ်ခုကိုလဲ ချိတ်ဆွဲ ထားသေးသည်..။

"မင်းမာန်...ဒါဘာသဘောလဲ..."

"အဟား..အပိုင်းသိမ်းမို့ ခေါ်လာတာလေကွာ..။ ကိုယ်ပြောသားဘဲ အဖြူရောင်လေး ကို အပိုင်သိမ်း ပြစ်မှာပါဆို.."

မင်းဝသုန် ၏ မျက်ခုံးတစ်ဖက် ပင့်သွားရသည်..။ မျက်နှာတွင်လည်း ညစ်ကျယ်ကျယ် အပြုံးပေါ် လာကာ ရှည်သွယ်သော လက်ချောင်းများက မင်းမာန် ၏ ပါးပြင်ပေါ်သို့ ခပ်ဖြည်းဖြည်း ပွတ်ဆွဲကာ ထိခတ်လာသည်..။

"Oh...မင်းက အပိုင်သိမ်းမယ် ဟုတ်လား..."

ရုတ်တရက် ဆွဲလှည့်ခံလိုက်ရသော ခန္ဓာကိုယ်နှင့်အတူ မင်းမာန် တစ်ယောက် သူ၏ အဖြူရောင် လေး အောက်သို့ရောက်သွားရသည်..။ မင်းမာန် အခြေအနေအား တုန့်ပြန်မှုပင် မလုပ်နိုင်..။ အဖြူရောင်‌

Second Chance(System) [Completed]Where stories live. Discover now