Arc-5.4

23.2K 2.5K 282
                                    

(Zawgyi)

Arc-5.4

ရိုင်ယန် ရောက်ရှိနေသော နေရာအား အံ့သြစွာ ကြည့်နေမိသည်..။ စိမ်းစိုနေသော အပင်များနှင့် ရေကန်ပြာပြာလေး.. အဖြူရောင်ကြာများက ပွင့်နေသေးသည်။ ကျေးငှက်လေးများ၏ အသံကိုလည်း ကြားနေရသည်။ တိတ်ဆိတ် အေးချမ်းသော အရသာကို ပေးစွမ်းနေလေသည်။

ရိုင်ယန် တစ်ယောက် ပတ်ဝန်းကျင်အား စူးစမ်းနေစဉ် ဝသန် ကတော့ ခေါင်းမီးတောက်နေရ သည်။ ဒီနေရာက အေးချမ်းပါသည်။ သို့သော် ဘယ်မှာနေကြမလဲ ဂူလဲမရှိ၊ သစ်ပင်ပေါ် နေလို့လဲမဖြစ်..။ ယန်လေး စွမ်းအင်များ မတည်ငြိမ်မချင်း နေရမည်ဖြစ်သောကြောင့် မည်မျှကြာမည်မှန်း မသိသေးချေ..။

[Host အိမ်ရှိတဲ့နေရာ လမ်းညွှန်ပေးနိုင်ပါတယ်..Point 100 ဘဲပေး...]

"ဘာ point 100..?..."

[အင်းလေ..Host ရဲ့ ကလေးပေါက်စကို မြေပေါ်မှာဘဲ အိပ်စေချင်လဲ သဘောနော်..။ အဟင်း..!!.. ထူးထူး က အတင်းမတိုက်တွန်းဘူး..]

ဝသန် မျက်နှာ မည်းမှောင်သွားရသည်။ ဒါအကျပ်ကိုင်တာ အသိသာကြီးလေ.. ဘာကို အတင်း မတိုက်တွန်းပါဘူးလဲ...။ ဝသန် ကလိမ်ကကျစ်ပြုံး ပြုံးလိုက်ကာ...။

"ဒီတောကြီးထဲမှာ အိမ်ရှိတာ သေချာလို့လား..ထူးထူးရာ... မဖြစ်နိုင်တာတွေ ငါ့ကို လာလိမ်နေ

တယ်..."

ထူးထူး မခံမရပ်နိုင် ဖြစ်သွားရသည်။

[ဘယ်မှာလိမ်လို့လဲ...!!!...Host မတရားမစွပ်ဆွဲပါနဲ့...]

ဝသန် ကြင်နာသော အသံလေးဖြင့် ပြောလိုက်သည်။

"ရှက်စရာမလိုပါဘူး ထူးထူးရာ..။ တစ်ခါတစ်လေ ထူးထူး မလုပ်နိုင်တာတွေ ရှိနိုင်တာ နားလည် ပါတယ်..။ Point အများကြီးတောင်းပြီး ဟန်ဆောင်စရာ မလိုပါဘူးနော်။ ငါလေးက ထူးထူးကို နားလည် ပါတယ်..."

ထူးထူး မျက်နှာလေး ဒေါသကြောင့် မည်းမှောင်သွားရသည်။

[အိမ်က တကယ်ရှိတာဗျ...!!..ထူးထူးက ဘာကိစ္စ အထင်ကြီးအောင် ပြောရမှာလဲ...]

"အင်းပါ...ထူးထူးပြောတာ ဟုတ်တယ်ဘဲ ထားလိုက်ပါတော့..."

[အား~!!!...Host ထူးထူးကို အထင်သေးလိုက်တာ ဒီနေရာရဲ့ အရှေ့ရပ်မှာ အိမ်တစ်ကယ်ရှိတာ ဗျ..။ ဘယ်သူမှမနေကျဘူး လူကိုများ ငတုံးမှတ်နေတယ်...]

Second Chance(System) [Completed]Where stories live. Discover now