Arc-7.5(Testing Life 2)

20.3K 2.3K 130
                                    

(Zawgyi)

Arc-7.5

ဆက်လျှံ ဆရာ..ဆရာမများရုံးခန်းကို သွားသော အကောင်ပေါက်ကို စိတ်မချပါ..။ ဆက်လျှံ ဆိုသည်က အကောင်ပေါက်လေးအား မျက်စိအောက်ကပင် အပျောက်မခံနိုင်သူ..။ 

ထို့ကြောင့် အကောင်ပေါက် အား ရုံးခန်းအနီးတွင် ကားရပ်ပေးပြီးသည်နှင့် ကားပါကင်သို့ အမြန်ထွက်လာ လိုက်သည်။ အကောင်ပေါက်လေး မမြင်နိုင်သော နေရာများဆီမှ မိမိလူများ အား စောင့်ကြည့်ကာကွယ် ထားခိုင်းရန်လည်း မမေ့။

ဟုတ်ပါသည် အကောင်ပေါက်လေး အတွက် အကာအကွယ်အချို့အား ဆက်လျှံ စီစဉ် ထားခြင်း

ဖြစ်သည်။ ဆက်လျှံ ကျောင်းကားပါကင်တွင် ကားရပ်ပြီးသည်နှင့် အကောင်ပေါက် ရှိရာဘက်သို့ ပြန် လျောက်လာလိုက်သည်။ ရောက်ခါနီးတွင် မိမိဆီသို့ ရောက်လာသော အကြောင်းကြား မှုကြောင့် ဆက်လျှံ နေရာမှ..အလျင်အမြန်ရောက်အောင် လာခဲ့သည်...။

မိမိရောက်သောအခါ မြင်လိုက်ရသော မြင်ကွင်းက ဆက်လျှံ ၏ လက်ကျန်အသိစိတ် ကို ပျောက် ကွယ်စေသည်။ အကောင်ပေါက်လေးအား ထိကိုင်ရန် ကြိုးစားနေသော ထိုသူ၏ လက်အား လိမ်ချိုးပြစ် လိုက်သည်။ သေချာသည်က ထိုသူသည်ထိုလက်အား ထပ်မံ အသုံးပြုနိုင်တော့မည် မဟုတ်တော့ပေ။

မိမိ၏ သွေးအေးရက်စက်သော အပြုအမူများအား အကောင်ပေါက်လေးကို မမြင်စေချင်ပါ။ ထို့ကြောင့် ဒေါသများကို ကွယ်ဝှက်ကာ အကောင်ပေါက် ကို ကျောင်းပန်းခြံလေးတွင် သွားစောင့်နေ ပေးရန် တောင်းဆိုလိုက်သည်။ 

ကျောင်းပန်းခြံလေးသည် သိပ်မဝေးသော နေရာ တွင်တည်ရှိသော်လည်း ဤနေရာမှ အဖြစ်အပျက်များနှင့် အသံများကို မကြားနိုင်သည့် ပမာဏအဖြင့် လုံလောက်သည်လေ။

အကောင်ပေါက် လေး ထွက်သွားမှသာ ထိုသူများအတွက် စီရင်ခြင်းအား စတင်လိုက်သည်။ မိမိ ၏ ရက်စက်မှု တစ်ချို့နှင့် မိတ်ဆက်ပေးပြီးသည့် တစ်ခဏတွင် လူတစ်ယောက် ၏ နာမည်ထွက်လာခဲ့သည် မိုးသောက် တဲ့...။

"အဟက်~!!..မိုးသောက် ဆိုဘဲ..."

ဆက်လျှံ စီစဉ်မှု အချို့ပြုလုပ်ပြီးသည့် တစ်ခဏတွင် အကောင်ပေါက်ရှိရာ ကျောင်းပန်းခြံလေးသို့ ထွက်လာလိုက်သည်။ မျက်ဝန်းတောက်တောက်လေးများဖြင့် ဂိမ်းကို စိတ်ဝင်တစား ဆော့နေသော အကောင်ပေါက်။ ဆက်လျှံ နှုတ်ခမ်းပါးများ တွန့်ကွေးသွားရသည်။

Second Chance(System) [Completed]Where stories live. Discover now