Arc-3.9

27.6K 2.8K 164
                                    

(Zawgyi)

Arc-3.9

ဝသန် အဝတ်အစားအမြန်လဲကာ အောက်ထပ်သို့ ပြန်ဆင်းလာတော့ အေးဆေးစွာပင် စကား ပြောနေကြသော နှစ်ယောက်..။ မဆိုးလှသော အခြေအနေကြောင့်အခုမှပင် ဝသန် သက်ပြင်းချနိုင် တော့သည်..။ ဝသန် အနားသို့ လျောက်သွားသည်နှင့် ပြောလက်စ များရပ်ကာ ပြိုင်တူပြုံးပြ လာသော နှစ်ယောက်ကြောင့် ဝသန် မျက်ခုံးများ ပင့်သွားရသည်။ ဘာတွေ ကြံစည်နေကြပြန်သည်မသိ..။

"Baby လိမ်လိမ်မာမာ နေရမယ်နော်။ တိမ်ယံက babyကိုသေချာ ကာကွယ်ပေးမှာပါ။ တစ်ခုခု လိုလဲ ကိုကို့ ကိုပြော။ ကိုကို အိမ်ပြန်ရဦးမယ်..။ အမှိုက်ရှင်းစရာလေး တွေရှိ လို့..။ ကိုကိုက ကိုကို့ ညီလေးကို ချစ်တယ် နော်.."

ဝသန် မျက်တောင် နှစ်ချက်ခန့်ခတ်လိုက်မိသည်။ ဘာလို့ တစ်အိုးတစ်အိမ် ထူထောင် တော့မယ့် ညီမလေးကို မှာသလို မှာနေရတာလဲဟင်..။ ဝသန် အကျလေး တစ်ခဏသွားလဲမိချိန်တွင် အဖြစ်အပျက် များက အမြန်ရထားလိုပင်..။ ဘာမှမသိသည့်အဆုံး ကြောင်တောင်တောင်ဖြင့်သာ အင်း ချလိုက်ရသည်။

"ဟုတ်..ဟုတ်ကဲ့ ..ကိုကို.."

စံအိမ်တော်မှ မင်းဝသုန် ကိုလိုက်ပို့ပေးသော ကားများ ထွက်သွားသောအခါ ဝသန် အနား ရောက် လာသော တိမ်ယံ...။

"အကောင်ပေါက်လေး ကိုယ်တို့လဲ ထမင်းသွားစားရအောင်။ မနက်က မနက်စာ ကောင်းကောင်း

မစားထားဘူး မလား..။ ကိုယ် အကောင်ပေါက် လေး အကြိုက်တွေ့စေမယ့် ပုံစံ မျိုးပြင်ပေးထားတယ်.."

"အွင်း..ကျွန်တော်လည်း ဗိုက်ဆာနေတာ။ ဒါနဲ့ တိမ်ယံ..ကိုကိုမင်းဝသုန်နဲ့ ဘာတွေ ပြောနေကြ တာလဲ..။ ကိုကို ကလဲ ဘာတွေမှာသွားမှန်း မသိဘူး..။ ကျွန်တော် က ကျွန်တော့် ကို အိမ်ပြန်ခေါ် သွား မယ် ထင်နေတာဗျ.."

တိမ်ယံ အကောင်ပေါက်လေး ၏ ပါးတစ်ဖက်အား ဆွဲဖျစ်လိုက်ကာ..။

"သူခေါ်ချင်းတိုင်း ခေါ်လို့မှမရတာ အကောင်ပေါက်ရဲ့..။ အကောင်ပေါက်လေးမှာ တိမ်ယံ ဆိုတဲ့ သက်..ဆိုင်..သူရှိတယ်လေ..။ အကောင်ပေါက်လေး ဘဲပြောတော့ ကိုယ်က မင်း ချစ်သူဆို.."

Second Chance(System) [Completed]Where stories live. Discover now