Side Story(ရေမြေ့ရှင်❤လေးငယ်)

14.3K 1.5K 546
                                    

(Zawgyi)

Side Story-2 (ရေမြေ့ရှင်/လေးငယ်)

ထူးထူး တစ်ယောက် မိမိအကြိုက်ဆုံး နေရာဖြစ်သော နတ်မိပျိုရေတံခွန် အနီးရှိ အဖြူရောင် မှိုပွင့် အကြီးကြီးပေါ်တွင် လက်လေးနှစ်ဖက်အား ခေါင်းအောက်တွင်ထားကာ ပက်လက်အနေအထားဖြင့် အိပ် နေခြင်းဖြစ်သည်။

မှိုပွင့်ကြီးများဖြင့် ပြည့်နက်နေသော ဤနေရာသည် ထူးထူး မွေးဖွားဖြစ်တည်ရာ နေရာတစ်ခုဟု လည်း ဆိုနိုင်သည်။ အိမ်ဟု ခံယူထားသော ထိုနေရာသည် ထူးထူးအတွက် နွေးထွေးကာ ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်သည်။ 

နတ်မိပျိုရေတံခွန်မှ ရေကျသံသာသာနှင့် ခပ်သော့သော့ တိုက်ခတ်နေသော လေနု အေးအေး..။ ငြိမ်းချမ်းစွာ အိပ်ပျော်နေသော ချစ်စရာကောင်းသည့် တည်ရှိမှုလေးကြောင့်ဘဲ မြင်ကွင်း လှလှလေးအဖြစ် အသက်ဝင်နေသည်။

"လေးငယ်..!!.."

ခပ်ရှရှ နိုင်သော ခေါ်သံတစ်ခုနှင့်အတူ အနားရောက်လာသော ရေမြေ့..။ တစ်ဆက်ထဲတွင်ပင် ထူးထူး၏ ပါးဖောင်းဖောင်းလေး တစ်ဖက်ပါ အကိုက်ခံလိုက်ရသည်။

"အ့..!!.."

ထူးထူး မျက်နှာလေးပင် မဲ့သွားရသည်။ နာကျင်သွားသောကြောင့် ခပ်တိုးတိုး အော်သံသေးသေး လေး ထွက်လာသော်လည်း နိုးတော့မလာပေ..။

ရေမြေ့ လေးငယ်၏ အမူအရာလေးအား အသည်းယားသောကြောင့် နောက်ထပ် ပါးတစ်ဖက်ကိုပါ သွားများ နစ်ဝင်သည်အထိ ငုံ့ကာ ကိုက်လိုက်သည်။ 

ပါးဖောင်းဖောင်းလေး နှစ်ဖက်သည် သွားရာ အထင်းသား ပေါ်နေသည့်အပြင် နာကျင်မှုကြောင့် ချက်ချင်း ရဲတက်လာသည်က ရေမြေ့အား ပျော်စေ သည်။ ယခုဆိုလျှင် ရေမြေ့ အပိုင်ဖြစ်သော လေးငယ်သည် ကိုက်စားချင်စရာကောင်းသော နီနီရဲရဲ ပန်းသီးပိစိလေးနှင့် တူနေပြီ ဖြစ်သည်။

ထို ပန်းသီးပိစိလေးအား တစ်ခါထဲ ဗိုက်ထဲသို့ မြိုချပြစ်လိုက်ချင်တော့သည်။ရေမြေ့ ဗိုက်ထဲတွင်ဆို လေးငယ်အတွက် လုံခြုံသည်လေ..။ ရေမြေ့ အသည်းယားစွာ နှာခေါင်းလုံး လုံးလေးအား ဆွဲပြစ်လိုက်သည်။ ထိုအခါမှ လေးငယ်ဆီမှ အသံစူးစူးလေး ထွက်လာတော့သည်။

Second Chance(System) [Completed]Where stories live. Discover now