Arc-7.6(Testing Life 2)

20.4K 2.4K 366
                                    

(Zawgyi)

Arc-7.6

ပြောချင်ရာပြောပြီး ထွက်ပြေးရန်ပြင်နေသော အကောင်ပေါက်၏ ခါးမှသိမ်းဖက်ကာ ပြန်ဖမ်း ပြစ်လိုက်သည်။ ယခုမှ ကြောက်ရကောင်းမှန်းသိသော မိမိ လက်မောင်းများ ကြားမှ အကောင်ပေါက်က အသည်းအသန် ရုန်းနေလေသည်။ ဆက်လျှံ သိပါသည် အကောင်ပေါက် ပြောသည်မှာ ရည်ရွယ်ပြီး ပြော သည်မဟုတ်မှန်း။

သို့သော် ဆက်လျှံ အတွက်မူ ဦးနှောက်က မရည်ရွယ်မှန်း သိနေသော်လည်း နှလုံးသားကမူ နာကျင် နေဆဲပင်။ ဟုတ်တယ် သွေးအေးလွန်းတဲ့ ကိုယ်က မင်းနဲ့ပတ်သတ်လာရင် ပျော့ညံ့တယ်။ 

စကားလုံး အနည်းငယ်နဲ့တောင် ကိုယ့်ကို နာကျင်စေတယ် အကောင်ပေါက် သာ ကိုယ့်ကို သေစေချင်ရင် မုန်းတယ် လို့ဘဲ ပြောလိုက်။ ကိုယ်တစ်ကယ် သေသွားလိမ့်မယ်....။ ဆက်လျှံ မိမိ လက်မောင်းများထဲမှ အကောင်ပေါက် ၏ ဂုတ်ပိုးဖြူဖြူလေးကိုနှုတ်ခမ်း များ ဖြင့် ငုံထွေးစုပ်နမ်း လိုက်သည်။

တွန့်သွားသော အကောင်ပေါက်လေး၏ ခန္ဓာ ကိုယ်သေးသေးလေးကြောင့် ဆက်လျှံ ပြုံးလိုက်ကာ အသည်းယားစရာ ကောင်းသော အကောင်ပေါက်လေး၏ လည်ပင်းသား ဖြူဖြူလေးများကို ကိုက်ပြစ်လိုက်တော့ မိမိနာမည်အား အလန့်တကြား ခေါ်လာလေသည်။

"ဆက်..ဆက်လျှံ..!!.."

အတင်းရုန်းလာသော အကောင်ပေါက်ကြောင့် ဆက်လျှံ ဖက်တွယ်ထားသော မိမိလက် များကို အနည်းငယ် ဖြေလျော့ကာ လွှတ်ပေးလိုက်သည်။

"အင်း~"

မျက်လုံးပြူး မျက်ဆန်ပြူးလေးဖြင့် ဆက်လျှံ အား မော့ကြည့်ကာ မေးလာသည်က..

"ဘာလို့ကိုက်တာလဲ ငါမင်းကို မကိုက်ရသေးဘူးလေ"တဲ့..။

ဆက်လျှံ သဘောတကျရီ မိသည်။

"ကိုယ့် ချစ်သူ မို့လို့လေ.."

"ဟမ်..!!!..ချစ်သူ..?.."

"ဟုတ်တယ်..အကောင်ပေါက်က ကိုယ့်ချစ်သူလေ.. ချစ်သူဖြစ်တဲ့ အထိန်းအမှတ် အဖြစ်နဲ့လာပါ ဦး ကိုယ့်ဆီ"

ဝသန် ကိုယ်လေးသည် ဆက်လျှံ ရင်ခွင်ထဲသို့ ပြန်ရောက်သွားရကာ ဝသန်၏ နီရဲ သော နှုတ်ခမ်း များထက်သို့ ဆက်လျှံ အနမ်းများ ကျရောက်လာရသည်။ ဝသန် တစ်ယောက် ဘာမှန်းမသိလိုက်ခင်မှာပင် ဆက်လျှံ ၏ အနမ်းကြမ်းများ အောက် ရောက်နေပြီ ဖြစ်သည်။

Second Chance(System) [Completed]Where stories live. Discover now