Arc-3.8

26.9K 2.9K 295
                                    

(Zawgyi)

Arc-3.8

မင်းဝသုန် သည် လူချောတစ်ဦး ဖြစ်သည်။ အကြည့်ခံရသူတိုင်း နွေးထွေးမှုကိုသာ ခံစားရစေသော မျက်ဝန်းများက မင်းဝသုန် ၏ အားသာချက် ဖြစ်သည်။ ထူထဲသော မျက်ခုံး တန်းတန်းများနှင့် ပန်းရောင် သန်းကာ ပိရိသေသပ်သော နှုတ်ခမ်းများက လိုက်ဖက်နေသည်။ နှာတံစင်းစင်း နှင့် ထင်ရှားသော မေးရိုး ထင်းထင်းများက မင်းဝသုန် အား သက်ရှိ ပန်းပုရုပ်ကဲ့သို့ပင် ပြီးပြည့်စုံစေသည်။

!90cm ရှိသော အရပ်နှင့် မင်းဝသုန် သည် မိန်းကလေးအများစု၏ အိမ်မက်မင်းသားလေး ဖြစ် နေသည်မှာ မဆန်းပေ..။ အဖြူရောင်ကိုသာ အမြဲတစေ ဝတ်ဆင်တတ်သော မင်းဝသုန် က တောင်ပံမရှိ သော နတ်သားတစ်ပါး နှယ်။ တိမ်ယံက နေတစ်စင်းလို တောက်ပလျှင် မင်းဝသုန်က လတစ်စင်းလို အေးမြသည်။

"အာ...ကိုကို... baby က ကိုကို့..ကိုလာကြိုတာဗျ.."

ချစ်စရာညီလေး၏ ပါးဖောင်းဖောင်းလေး ကို အသည်းယား၍ အသာဆွဲမိတော့ နှာခေါင်းလုံးလုံး လေးကို အသာရှုံ့ပြသည်က ခွေးပေါက်လေး လိုပင်။ ကလေးငယ်က အရင်ထက် ချစ်စရာကောင်းလာ သည်။ မထိတွေ့ရတာ ကြာပြီဖြစ်သော ဆံပင်ပျော့ပျော့လေးများကို အသာဆွဲဖွတော့ နှုတ်ခမ်းထော်ကာ ပြောလာသည်။ စတိုင်ပျက်ကုန်မယ်တဲ့..။

"အဆိုးလေး ပြောပါဦး..အိပ်ရာထ နောက်ကျပြန်ပြီမလား.."

ဟန်ဆောင်ခြင်းမရှိဘဲ နွေးထွေးသော မင်းဝသုန် ကို ဝသန် သဘောကျ သည်။ မင်းဝသုန် က ဝသန် အတွက် Bro-con အစ်ကိုများကို ပြန်မြင်ရသလို ခံစားရစေသည်..။

"ဟီး...ကိုကို..ကလည်း.Baby..မဆိုးပါဘူးဗျ.."

"ဟုတ်ပါပြီ..Baby က အလိမ်မာလေး..။ အိမ်ပြန်ကြမယ်..ကိုကို့ မှာ Baby အတွက် လက်ဆောင် တွေပါတယ်.."

"အာ...ကိုကိုက အကောင်းဆုံးဘဲ..."

ညီအစ်ကိုနှစ်ဦး ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်ကို အစအဆုံး စူးရဲစွာ စိုက်ကြည့်နေသော သူ တစ်ဦးလည်း ရှိလေသည်။ ထိုလူသည် ထက်မြက်ပြတ်သားသော ပုံစံရှိကာ တစ်ချက်ကြည့်ရုံဖြင့် အရှိန် အဝါ မသေးကြောင်း သိသာလှသည်။

Second Chance(System) [Completed]Where stories live. Discover now