Arc-1.6

28.1K 3.3K 151
                                    

(Zawgyi)🍓🍓🍓🍓

Arc-1.6

ခေါင်းကွဲ တိုင်း အတိတ်မေ့တာ ဇာတ်ကားထဲဘဲရှိတာလေ။ဟိုး..မိုးပေါ်က ဘိုးတော်ရေဇာတ်ကွက် ဆန်ရတာ ပျော်ရဲ့လားလို့။ဝသန် ဆက်တိုက် မေတ္တာ ပို့ မိတော့သည်။

ထိုအချိန် မိုးကောင်းကင် တစ်နေရာ မှမိုးနတ်မင်း တစ်ယောက် ကတော့ချမ်းစိမ့်စိမ့် ဖြစ်နေလေရဲ့...။

ဝသန် အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လျောက်နေမိသည်။ဇာတ်လိုက် ကတော့ဝသန် သွားရာ ဘက်သို့ မျက်ဝန်းညို များဖြင့်မလွှဲတမ်း လိုက်ကြည့် နေလေသည်။

ဝသန် ခေါက်တုန့် ခေါက်ပြန် လျောက်နေခြင်းအား ရပ်တန့် လိုက်ကာ တွေးမိသောအကြံလေး အား အကောင်အထည် ဖော်ရန် ဇာတ်လိုက် အား ကြည့်လိုက်သည်။

ဇာတ်ကားထဲကလို တုတ်နဲ့ထပ်ဆော်လိုက်ရင်ကောင်းမလား....။မဖြစ်သေး။ ခုတောင် ဖြူလျော့နေသောနှုတ်ခမ်း များနှင့် မျော့မျော့ ရယ် တော်ကြာအသက်ထွက် သွားမှဖြင့် ခက်ချေမည်။

ဝသန် ဆေးဆရာ ဆရာသောင်း အားခေါ်ရန်သာ ဆုံးဖြတ်လိုက် သည်။

"အစ်ကိုဇော်ထူး..အစ်ကိုဇော်ထူး..!!..မြန်မြန် လာပါဦး။ ဆရာသောင်း ကို မြန်မြန်သွားပင့်ပေး ပါဦးဗျာ မြန်မြန် လေး"

"ဟုတ်ကဲ့ အစ်ကိုလေး"

အိမ်အောက်ဘက်မှ အစ်ကိုဇော်ထူး၏ ပြန်ဖြေသံ အဆုံး ဝသန့် အာရုံသည်ခေါင်းတွင် ဆေးစည်း လျက်သား ဖြင့်ကုတင် ခေါင်းရင်း အား မှီကာ ထိုင်နေသောဇာတ်လိုက် ဆီသို့ ရောက်သွားရသည်။

အမယ် သနားစရာ ပုံစံလေး နဲ့လာကြည့်နေသေး..။

"ခင်ဗျားတကယ်ဘဲ မမှတ်မိတော့ဘူးလားဟင် နာမည်ရော...."

တစ်ခဏ ငြိမ်သက် ကာ သေချာ တွေးတောနေသော ဇာတ်လိုက်...။ ပြန်ဖြေလာသည်က...။

"ကိုယ်တကယ် ဘာမှမသိတော့ဘူး။ဘယ်...ဘယ်လို လုပ်ရပါ့မလဲ ။ အာ့...ကျွတ်ကျွတ်...ခေါင်းတွေကိုက်လာပြီ"

"တော်..တော်...မစဉ်းစားနဲ့တော့။နားနား နေနေ..နေ ကျွန်တော် စားစရာသွားစီစဉ်ပေးမယ်"

Second Chance(System) [Completed]Where stories live. Discover now