Arc-3.2

29.9K 3K 258
                                    

(Zawgyi)

Arc-3.2

ဒီကမ္ဘာကို ကျွန်တော် ရောက်တာ ဘယ်အချိန်လဲ သိလား..။ ဟမ့်.!!..စောပါသေးတယ်...။ ဆေးစွဲ ယုံဘဲရှိသေးတယ်လေ မသေသေးဘူး။ တစ်ပတ်ကြီးများတောင် လိုသေးတယ်။ ဟုတ်ပါသည် တကယ် ကို တစ်ပတ်ဘဲ လိုတော့တာပါသေဖို့လေ.... သေဖို့....!!!!..။

ဒီလောက်စောတာဘဲ ကျေးဇူးပြန်တင်ရမည်။ ဈာပနကျမှ အခေါင်းထဲက ထမလာရတာဘဲ ကံ ကောင်း..။ နောက်ဘဝဆို မြေကြီးထဲက ကိုယ့်ဘာသာ တူးထွက်ရမလား မသိ..။ ဝသန် အခုနိုးလာတော့ အိပ်ယာထဲတွင်ဖြစ်သည်။ လူလဲနုံးချိနေကာ ထလို့တောင် မရ။ ဘယ်ရမလဲ..ထက်ဦးဝေ ဆိုတဲ့ သကောင့် သားက ညကမှ ဆေးချထားတာကိုး..။ တောက်~~!!!..လူကို မူးနောက်နေတာဘဲ ဝသန် ယခုချိန်တွင် ဘာမှမတွေးနိုင်သေး..အားပြည့်အောင် ပြန်အိပ်မှ ဖြစ်မည်သာ..။

"ထူးထူးလေးရေ ဖြေရှင်းချက်ကလေး အသင့်ပြင်ထား ကြားလား..!!!.."

မအိပ်ခင် ပြောဖြစ်အောင် ပြောသွားသော ဝသန် စကားအဆုံး ထူးထူးလေး ငိုမဲ့မဲ့ ဖြစ်သွားရသည်။

[အဟောက်ခံလိုက်ရသူ ထူးထူးလေး-"..............." မိုးနတ်မင်းကို report ထုလို့ ရလားဟင်..။ သူဖန်ဆင်းသမျှ ထူးထူး က လိုက်ရှင်းနေရတယ်]

တိတ်ဆိတ် ငြိမ်သက်နေသော အခန်းလေးထဲသို့ တံခါးဖွင့်သံနှင့်အတူ လှမ်းဝင်လာသော တစ်စုံ တစ်ယောက်။ အိပ်ယာပေါ်တွင် ငြိမ်းချမ်းစွာ အိပ်ပျော်နေသော ကောင်လေးအား ကြည့်ရင်း နှုတ်ခမ်းလှလှများတွင် မဲ့ပြုံးတစ်ခုက ဖြစ်တည်လာသည်။

"ဟမ့်..!!...အသက်ပြင်းလိုက်တာ မသေနိုင်သေးဘူးလား လူ့အမှိုက်..."

အေးစက်စက် စကားဆိုကာ ကြောက်စရာကောင်းသော အကြည့်များဖြင့် ကြည့်နေလေသည်။ တစ်ခဏအကြာ ထိုသူ အခန်းတွင်းမှ ပြန်ထွက်သွားသည်နှင့် ဖြေညှင်းစွာပွင့်လာသော မျက်ဝန်းနက်နက် များ။ ဆေးသမား တစ်ယောက်ကဲ့သို့ ထိုင်းမှိုင်းတွေဝေခြင်း၊ မိန်းမောခြင်းများ မရှိသည့်အပြင် နွေးထွေး ခြင်းကင်းမဲ့ကာ ပြတ်သားထက်မြက်မှုများက အထင်းသား..။ တောက်ပနေသော အနက်ရောင် မျက်ဝန်း များက ရက်စက်တော့မည့် နတ်ဆိုးတစ်ပါး အသွင်ဆောင်နေလေသည်။ သွေးနီရောင် လွှမ်းနေသော နှုတ်ခမ်းများ လှုပ်ခတ်ရုံ ပြောလာသည်က...

Second Chance(System) [Completed]Where stories live. Discover now