Arc-5.5

22.3K 2.5K 99
                                    

(Zawgyi)

Arc-5.5

မြို့တော် ပြန်ချင်သည်ဆိုသော ပါးပါး စကားကြောင့် ရိုင်ယန် စားလက်စအား ရပ်ကာ ပြန်မေးလိုက်သည်...။

"ဘာလို့လဲ..ပါးပါး..."

ရိုင်ယန် ခမည်းတော်တို့အတွက် လက်စားချေချင်သော်လည်း ပါးပါး အန္တရာယ်ဖြစ်စေနိုင်သော မြို့တော်သို့ ပြန်မသွားချင်ပါ..။ ပါးပါး အား ထိခိုက်စေသော မည်သည့်အရာကိုမှ ခွင့်ပြုမည် မဟုတ်သော ကြောင့်ဖြစ်သည်။ မေးခွန်း ပြန်မေးလာသော ယန်လေး မျက်နှာအား ကြည့်လိုက်သောအခါ ဝေခွဲမရခြင်း များကို တွေ့လိုက်ရသည်။ ယန်လေး ခေါင်းလေးအား ခပ်ဖွဖွပုတ်ကာ...

"ကောင်စုတ်လေး ပါးပါးကို မစိုးရိမ်စမ်းနဲ့..။ မင်းပါးပါးက ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ် ကွ..။ အစ်ကိုယ်တော်တို့အတွက် တရားမျှတမှု ပေးရဦးမယ်လေ..။ ပြီးတော့ ယန်လေးရဲ့ နေရာစစ်ကို ပြန်ရအောင် ပါးပါး ကျိန်းသေ လုပ်ပေးမယ်.."

"ဒါပေမယ့်..."

"ပါးပါးကို ယန်လေး ကာကွယ်ပေးလေ ရသားနဲ့.. နော်...မနက်ဖြန် သွားကြမယ်နော် ယန်လေး..."

မျက်လုံး ပုတ်ကလက် ပုက်ကလက်လုပ်ကာ တောင်းဆိုနေသော ပါးပါးရဲ့ မျက်ဝန်းနက်နက်များ ကို ရိုင်ယန် မလွန်ဆန်နိုင်..။ ရိုင်ယန် သက်ပြင်းအသာချကာ...

"ကောင်းပါပြီ ဒါပေမယ့်..."

ရိုင်ယန် မျက်နှာ ချက်ချင်း တည်တံ့သွားကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အခြေအနေတစ်ခုတော့ ရှိတယ်။ ပါးပါး ယန်လေးအနားမှာဘဲ နေရမယ်..။ ယန်လေး စကား နားထောင်ရမယ်..။ သဘောတူရင် သွားမယ် သဘောမတူရင်တော့ မေ့လိုက်တော့..."

ဝသန် မျက်နှာ မှုန်ကုတ်သွားရသည်။ သူကအဖေလား...ငါကအဖေလားဟ...။ နှုတ်ခမ်းထော်လာ သော ပါးပါး၏ ပါးတစ်ဖက်အား ဖွဖွဆွဲကာ ဖျစ်လိုက်သည်..။ ရိုင်ယန် ဒီပါးဖောင်းဖောင်းလေးတွေကို အရမ်းသဘောကျသည်..။

"ကဲ..ဘယ်လိုလဲ..."

"ကောင်းပြီ~~!!!..။ ဖယ်စမ်း ကောင်စုတ်လေး... အဖေကို မလေးမစားနဲ့..."

Second Chance(System) [Completed]Where stories live. Discover now