Arc-5.17

19.3K 2.2K 87
                                    

(Zawgyi)

Arc-5.17

"မျိုးနွယ်စု ခေါင်းဆောင်~!!!..မျိုးနွယ်စုခေါင်းဆောင်~!!!..."

အိမ်ရှေ့မှ ဆူညံသံများကြောင့် အေဒီ နိုးလာရသည်။ အမေနှင့်အဖေ မျက်နှာတွင် လည်း စိုးရိမ်မှု များက အထင်း သား..။ အေဒီ ဘာတွေဖြစ်နေမှန်း မသိသောကြောင့် အမေ့ကို မေးရန် ဆုံးဖြတ်လိုက် သည်။ ၁၅နှစ်အရွယ်ကောင်လေး အေဒီ အတွက် ဒီအခြေအနေက အလွန်ထူးဆန်းနေသည်လေ..။

"အမေ ဘာတွေ ဖြစ်နေတာလဲဟင်...?.."

"သားလေး နိုးသွားတာလား။ ဘာမှမဟုတ်ပါဘူး သားရယ် ဘာမှမဖြစ်ဘူးစိတ်မပူနဲ့"

အေဒီ အမေးသံကြားသည်နှင့် အမေ က ပြုံးကာ ပြန်ဖြေလာသလို အဖေ သည်လည်း အေဒီ ပုခုံး တစ်ဖက်အား ဆုပ်ကိုင်ကာ ခပ်ဖွဖွ ပြုံးပြလာသည်...။

"ဆိုဖီ ဘာမှစိတ်မပူနဲ့နော် ကိုယ်အဆင်ပြေအောင် သွားစီစဉ်လိုက်ဦးမယ်။ ကိုယ်မင်းကို ချစ်တယ် နော်...သားကိုရောဘဲ..."

အမေနှင့်ကျွန်တော့ကို ရင်ခွင်ထဲဆွဲသွင်းကာ စိတ်မပူဖို့ပြောပြီး လှည့်ထွက်သွားသော အဖေရဲ့

ကျောပြင်ကျယ်ကြီးကိုသာ ကျွန်တော် ငေးကြည့်နေမိသည်။ ဘာမှန်းမသိသော ဆုံးရှုံးမှုကြီးကို ခံစား လိုက်ရသည်။ နောက်ဆုံး တွေ့ဆုံခြင်းမှန်း..။အဖေရဲ့ အနွေးထွေးဆုံး ရင်ခွင်ကျယ်ကြီးကို ဆုံးရှုံးရမယ် မှန်း အေဒီ ဘယ်တုန်းကမှ မတွေးခဲ့မိပါ..။

"အမေ ဘာတွေဖြစ်နေတာလဲ သားကိုပြောပြပါနော်.."

ဆိုဖီ သားဖြစ်သူအား လက်မောင်းများကြားဆွဲယူလိုက်ကာ မျက်ဝန်းများ မှိတ်ချလိုက်သည်နှင့် ပူ နွေးသော မျက်ရည်များက ပါးပြင်တစ်လျောက် ကျဆင်းသွားရသည်။

"သား အမေတို့မျိုးနွယ်စုတွေ တိုက်ခိုက်ခံရတယ် ရုတ်တရက်ကြီး လာတိုက်တာမို့ အခြေအနေ တွေ ထိန်းသိမ်းရအောင် သား.. အဖေသွားတာပါ..။ သား မေမေ့ကို ကတိပေးပါ။ ဘာအကြောင်းဘဲ ရှိလာ..ရှိလာ သားလေး အသက်ဆက်ရှင်ရမယ်နော်..ဖေဖေနဲ့မေမေက သားကို အရမ်းချစ်တာ သိတယ် မလား.."

အမေဖြစ်သူ စကားကြောင့် အေဒီ ကို ဝမ်းနည်းစေသည်...။ အမေ့ ရင်ခွင်ထဲ တိုးဝင် ရင်း ပြောလိုက်သည်...။

Second Chance(System) [Completed]Where stories live. Discover now