Atc-8.5(Real Life)

15.5K 1.8K 160
                                    

(Zawgyi)

Arc-8.5

ပတ်ဝန်းကျင် တစ်ခုလုံး ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေကာ မြင်မြင်သမျှ နေရာတိုင်းတွင် အဖြူရောင် များဖြင့် ပြည့်နေသည်။ ချယ်ရီကိုင်းများတွင်လည်း အဖြူရောင် ဆီးနှင်းများ တင်ကျန်နေသည်။ အနက် ရောင် ဆံပင်များကို လူးလွန့်စေသော အရိုးထိတိုင် အေးစိမ့်စေသည့် လေများလည်း တိုက်ခတ်နေသည်။

ပတ်ဝန်းကျင်၏ အပူချိန်မှာ သာမန်သူများ ရှင်သန်နိုင်ရန် ခက်ခဲသော နေရာတစ်ခုပင် ဖြစ်သည်။ လှုပ်ရှားနိုင်သည့် သက်ရှိဟူသည် ကင်းမဲ့နေသော နေရာတွင် ထူးဆန်းစွာပင် လှုပ်ရှားမှုတစ်ခု ရှိနေလေ သည်။

ထူထဲသော ဝတ်ရုံတစ်ခုအား ဝတ်ဆင်ထားကာ ထိုသူ၏ အနက်ရောင် ဆံနွယ်များသည် အေးစိမ့် နေသော လေကြောင့် လူးလွန့်နေသည်။ ထိုသူ၏ ထင်ရှားနေသော မေးရိုးများနှင့် ပိရိသေသတ်သော နှုတ်ခမ်းတစ်စုံက တင်းတင်းစေ့ထားသည်။ နဂါးတစ်ကောင်ကဲ့သို့ စူးရှလွန်းသော အညိုရောင် မျက်ဝန်း များသည် ဝန်းကျင်တစ်ခွင်အား ဖျန့်ကျက်နေသည်။

ပြင်းထန်လွန်းသော အရှိန်အဝါများ ခြံရံနေသော ထိုသူကြောင့် နှင်းတောင် နယ်မြေတွင် ကျက်စား ကြသော သားရဲများသည် အဝေးမှပင် ရှောင်ရှားကာ သွားကြသည်။ ကျောက်တောင်ကဲ့သို့ ဖြောင့်မတ် နေသော ထိုသူ၏ ကိုယ်ဟန်ကပင် စွမ်းအားကြီးသော သားရဲကောင် များကို ခြောက်လန့်နိုင်သည်။

သို့သော် ထိုအရှိန်အဝါကြီးသော ထိုသူ၏ ရင်ဘတ်အနားတွင်မူ အလွန်နွေးထွေးသော အဖြူရောင် သားမွှေးများဖြင့် ပြုလုပ်ထားသော ခေါင်းဆောင်းပါသည့် ဝတ်ရုံတစ်ခုဖြင့် ထုတ်ပိုးထားသော သက်ရှိ အရာလေး တစ်ခု ရှိလေသည်။ ထိုသက်ရှိအရာလေးသည် ထိခိုက်မခံနိုင်ဘဲ ပျက်စီးလွယ်သော ဖြစ်တည် မှုလေး ဖြစ်သည်။

သို့သော် တောက်ပကာ စူးရှလွန်းသော အနက်ရောင် မျက်ဝန်းလေးများကတော့ ထိရှလွယ်သည် ဟူသော ထင်မြင်မှုကို ဆန့်ကျင်နေသည်။ ထိုသေးကွေးသော သက်ရှိအရာလေးမှာ တစ်နှစ်သားအရွယ် ကလေးလေး တစ်ယောက် ဖြစ်သည်။ အဖြူရောင် သားမွှေးများကြားမှ ထွက်ပေါ်နေသော မျက်နှာလေး တွင် ပါးဖောင်းဖောင်းလေး နှစ်ဖက်နှင့် နှာခေါင်းထိပ်ကလေးမှာ အအေးဒဏ်ကြောင့် နီမြန်းနေလေ သည်။

Second Chance(System) [Completed]Where stories live. Discover now