Arc-3.6

29.2K 2.9K 181
                                    

(Zawgyi)

Arc-3.6

ဝသန် မနက်စောစော အိပ်ယာနိုးတော့ အရင်ဆုံးမြင်ရသည်က တိမ်ယံ ၏ မျက်နှာချောချော။ ဆွဲဆောင်မှုရှိသော အပြုံးကိုလဲ ချိတ်ဆွဲထားသေးသည်။ ဆံပင်များကို အပေါ်လှန်တင်ကာ သိမ်းထား ပုံက လူကြီးလူကောင်း ဆန်နေသလို၊ ရှပ်အကျ အဖြူရောင်ကို လက်ခေါက်တင်ထားကာ ဘောင်းဘီ အနက်ရောင် တစ်ထည်ကို ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း ရှင်းသန့်နေသည်။

 ထူထဲသော မျက်ခုံး တန်းတန်းအောက်က စူးရှသော အညိုရောင်မျက်ဝန်းတွေ၊ ပိရိသေသပ်သော နှုတ်ခမ်းတစ်စုံက မသေ မျိုး တစ်ယောက်နှယ် ချောမောခန့်ညားမှုကို ပေးစွမ်းနေသည်။

"နိုးပြီလား...အကောင်ပေါက်လေး..."

တိမ်ယံ အသံကြားမှသာ ထိုဘိုးတော်အား အသည်းအသန် အကဲဖြတ်နေရာမှ သတိဝင်လာလေ သည်။ ဝသန် ကြောင်တောင်တောင်လေးဖြင့် မော့ကြည့်မိတော့ ပြုံးကာ ပြောလာသည်။

"မျက်နှာသစ်တော့..ကိုယ် မနက်စာ ပြင်ထားပြီးပြီ.."

ဝသန် ခေါင်းသာငြိမ့်ပြ၍ ရေချိုးခန်းသို့သာ ဦးတည်လိုက်သည်။ ဝသန် ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်တွင် အဆင်သင့်တင်ထားပေးသော အဝတ်အစားများ။ မြန်မြန်ဆန်ဆန် ဝတ်ပြီးသည်နှင့် ဗိုက်ဆာနေပြီ ဖြစ်သောကြောင့် အိမ်အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ဝသန် ညက တွေးမိထားသည်များကို အကောင်အထည်ဖော်ရမည်လေ..။ ထမင်းစားခန်း သို့ ဝင် လိုက်သည်နှင့် မြင်ရသော ကျောပြင်ကျယ်ကြီးကြောင့် ရင်မောသွားရသည်။ အစီအစဉ် အောင်မြင်မှာ ပါနော်..။

ဝသန် ထမင်းစားပွဲတွင် ထိုင်ရန် တိမ်ယံ ဘေးမှ ဖြတ်သွားမိသောအခါ ဝသန့် လက်ကလေး အား မိမိရရ လှမ်းဆွဲလာသော လက်ကြီးတစ်ဖက်ကြောင့် ဝသန့် ကိုယ်လေး တိမ်ယံ ပေါင်ပေါ်သို့ ထိုင်ရက် သားလေး ပြုတ်ကျသွားရသည်။ ဝသန် ပြန်ထရန် ပြင်လိုက်သော်လည်း ခါးမှ တင်းကျပ်စွာ ထိန်းကိုင် လာသော လက်တစ်ဖက်အားကို မလွန်ဆန် နိုင်..။

တိမ်ယံ အသည်းအသန် ရုန်းကန်နေသော အကောင်ပေါက်လေးကို အေးဆေးစွာ ရုန်းကန်ခွင့် ပေး ထားသည်။ ရုန်းမရသည့် အဆုံးမှ ငြိမ်ကျသွားကာ ငိုမဲ့မဲ့ဖြင့် မော့ကြည့်လာသည်..။

Second Chance(System) [Completed]Where stories live. Discover now