Arc-5.15

19.8K 2.3K 167
                                    

(Zawgyi)

Arc-5.15

ခံစားဖူးလား..။ တစ်စုံတစ်ယောက်ကို မယှဉ်နိုင်ဘူးလို့ သေချာသွားတဲ့ ခံစားချက်မျိုး၊ မပိုင်ဆိုင်ရ တော့ပေမယ့် ကာကွယ်ပေးနေရရင် ကျေနပ်နေတတ်တဲ့ အချစ်မျိုး..။ ရီစရာတော့ ကောင်းပေမယ့် သိပ်ကို အတ္တကြီးတဲ့ မှော်နက်ဘုရင်ကြီး ကျွန်တော်က အရုပ်ကလေးကို အဲ့လိုအချစ်မျိုးနဲ့ချစ်တာ..။ ပြောရရင် ဒီတစ်ခါ ကျွန်တော်ရှုံးသွားပုံဘဲ..။ နောင်တစ်ချိန်များ ကျွန်တော့်အတွက် အချစ်သာ ရှာတွေခဲ့ ရင် ကံကောင်းချင်သား..။

ကြာကန်နဘေးတွင် ရိုင်ယန် ရင်ခွင်ထဲ ပျော်ရွှင်နေသော အရုပ်ကလေးကို ငေးကြည့်နေသော မှော်နက်ဘုရင်၏ မျက်ဝန်းများသည် ရီဝေနေလေသည်။ မှော်နက်ဘုရင်၏ ဘေးတွင် အရိပ်ကိုယ်ရံတော် သည် တိတ်ဆိတ်စွာ ရပ်ကာ ကာကွယ် စောင့်ရှောက်ပေးနေလေသည်။

"Four!!...မင်းနာမည်အရင်းက ဘယ်လိုခေါ်လဲ..."

မှော်နက်ဘုရင်၏ ရုတ်တရက်အမေးကြောင့် အသက်မဲ့နေသော အနီရောင်မျက်ဝန်းများ တစ်ခဏ လှုပ်ရှားသွားရသည်။ Four တိုတိုတုတ်တုတ်ပင် အရှင့် အမေးအတွက် အဖြေအားပေးလိုက်သည်။

"ရှန်း~~!!.."

မှော်နက်ဘုရင်သည် အနက်ရောင် ခေါင်းဆောင်းကို ခပ်ငိုက်ငိုက်ဆောင်းထားသော ရှန်း၏ သွေးနီ

ရောင် မျက်ဝန်းများကို သေချာစိုက်ကြည့်လိုက်မိသည်။

"ရှန်း~!!..မင်းမှာ သိပ်လှတဲ့ မျက်ဝန်းတွေ ရှိတာဘဲ..."

ပြောချင်တာ ပြောပြီးသည်နှင့် ကျောခိုင်းထွက်ခွာသွားသော မှော်နက်ဘုရင်သာ သေချာသတိထား ကြည့်ခဲ့ပါက မျက်ဝန်းများ တည်ငြိမ်နေသော်လည်း လက်သီးကို တင်းနေအောင်ဆုပ်ထားသော ရှန်း ၏ လက်ဖြူဖြူသွယ်သွယ် လက်လေးများနှင့် အနီရောင် ပြောင်းနေပြီဖြစ်သော နားရွက်လေးများကို တွေ့ရ မည် ဖြစ်သည်။

ထွက်ခွာသွားသော မှော်နက်ဘုရင်၏ နောက်ကျောအား ငေးကြည့်နေသော ရှန်း၏ မျက်ဝန်းများ သည် ယခင်ကကဲ့သို့ အေးစက်မှုများ မရှိတော့ချေ..။

"မမှတ်မိဘူးဘဲ.. မင်းရဲ့ မှတ်ဉာဏ်ထဲမှာ ငါကအရေးမပါခဲ့ဘူးလား..."

Second Chance(System) [Completed]Where stories live. Discover now