Arc-7.14(Testing Life 2)

17.7K 2K 91
                                    

(Zawgyi)

Arc-7.14

ဆက်လျှံ နှင့် အကောင်ပေါက်လေး၏ လက်ထပ်ပွဲကို အသုံးချကာ ဆက်လျှံ နေရာအား လိုချင် တပ်မက်နေကြသော လူတစ်စုကြောင့် ဆက်လျှံ ၏ အရှိန်အဝါအစစ်အား မြည်းစမ်းခိုင်းရန် company သို့ ထွက်လာခဲ့သည်။ မိုက်မဲလှသော ထိုသူများကို ထိန်းချုပ်ရန် ဆက်လျှံ အတွက် လွယ်ကူလွန်းသည်။

ဆက်လျှံ ၏ အနက်ရောင်တောက်နေသော နိုင်ငံခြားဖြစ်ကားကြီးသည် DR group ပိုင်သော အဆောက်အဦး သို့ရောက်သောအခါ လမ်းတစ်လျောက်လုံး ကားနောက်ခန်းထဲတွင် မျက်ဝန်းများ အေး ဆေး မှိတ်ထားသော ဆက်လျှံ ၏ မျက်ဝန်းညိုများသည် စူးရှစွာ ဖွင့်လာလေသည်။ 

လက်တစ်ဖက်တွင် ရိုးရှင်စွာဝတ်ဆင်ထားသော Business man watch အား တစ်ချက်ကြည့်ကာ အချိန်အကန့်အသတ်အား မှန်းလိုက်သည်။

ဆက်လျှံ တွင် အကောင်ပေါက်လေး ကျောင်းမလွှတ်ခင် အထိသာ အချိန်ရှိသည်လေ..။ ဆက်လျှံ မိမိ၏ ကိုယ်ရံတော်နှစ်ဦးအား ခေါ်ကာ DR Group ထဲသို့ ဝင်လာလိုက်သည်။ 

ဆန့်ကျင်တိုက်ခိုက်နေ သော သတင်းများကြောင့် ပုန်းရှောင်နေမည်ဟု ထင်ခဲ့သော CEO သည် DR Group ထဲသို့ အေးစက် သော အရှိန်အဝါများဖြင့် နတ်ဘုရားတစ်ပါးနှယ် ဝင်ရောက်လာသောအခါအလုပ်သမားများ အားလုံး အံ့သြတကြီး ခေါင်းငုံ့ကာ အလျင်အမြန် အရိုအသေပြုကြသည်။

ဆက်လျှံ ထိုသူများအား ခေါင်းတစ်ချက်ပင် စောင်းငဲ့ ကြည့်နေခြင်း မရှိပေ..။ ရှယ်ရာရှင် အစည်း အဝေး ကျင်းပရာ ခန်းမကျယ်ထဲသို့ တန်းတန်းမတ်မတ်ပင် လျောက်သွားလိုက်သည်။ 

CEO ဆက်လျှံရှင် အား ဖြုတ်ချရန် အသည်းအသန် ဆွဲဆောင်နေကြသော လူတစ်စုသည် ရုတ်တရက် ဆန်စွာပင် အစည်း အဝေးခန်းမတံခါး ပွင့်သွားကာ ဝင်လာကာ အခန်းထဲရှိသူများ အားလုံးကို အကြည့်တစ်ချက်ဖြင့် သိမ်း ကျုံးကြည့်လိုက်သော CEO ကြောင့် ကျောများပင် မတ်သွားကြသည်..။

အစောပိုင်းတွင် တက်ကြွစွာ စည်းရုံးရေး ဆင်းနေကျသော သူတစ်စုသည်လည်း ချွေးအေးများ ထွက်လာရသည်။ ထိုသူများ ရဲတင်းစွာ ဆန့်ကျင်နေရခြင်း၏ အကြောင်းမှာ ဆက်လျှံ ခရီးမှ ပြန်မလာ သေးဟု ထင်သောကြောင့်သာ ဖြစ်သည်။ 

Second Chance(System) [Completed]Where stories live. Discover now